Local Celebrity: Casio Edifice ရဲ့ Brand Ambassador ဖြစ်သွားတဲ့ စိုင်းစိုင်းခမ်းလှိုင်

စိုင်းစိုင်းကိုယ်တိုင် ကြိုက်နှစ်သက်တဲ့ နာရီတစ်ခုလည်း ဖြစ်တယ်လို့ သိရပါတယ်။

play

 

စိုင်းစိုင်းခမ်းလှိုင်ကတော့ Casio Edifice ရဲ့ Brand Ambassador တစ်ဦး ဖြစ်လို့ သွားခဲ့ပါပြီ။ Casio Edifice နာရီဟာ သူကိုယ်တိုင် ငယ်ငယ်ကတည်းက မိဘတွေကို ပူဆာပြီး စွဲစွဲလမ်းလမ်းနဲ့ ဝယ်ခိုင်းခဲ့တဲ့ နာရီ အမျိုးအစားဖြစ်တယ်လို့ စိုင်းစိုင်းက ဆိုပါတယ်။

play

 

"Casio နာရီက ကျွန်တော် ငယ်ငယ် ၃ ၊၄ တန်းကတည်းက မိဘတွေ ပူဆာ၊ စွဲစွဲလမ်းလမ်းနဲ့ ၀ယ်ခိုင်းတဲ့ နာရီ အမျိုးအစားတစ်ခုပါ ။ အဲဒီအချိန်က Casio နာရီ အမည်လေး ပတ်ထားနိုင်သူက ဆရာကျတယ်လို့ ပြောလို့ရပါ တယ် ။ ဒီနေ့ထိ ကျွန်တော် Casio ရဲ့ Gshock ကို ရှိုးဆိုတိုင်း ပတ်ဖြစ်ပါတယ်"  စိုင်းစိုင်းက ပြောပါတယ်။

play

 

စိုင်းစိုင်းဟာ အဆိုပိုင်း ၊သရုပ်ဆောင်ပိုင်းတွင်သာမက နာမည်ကြီး ကုန်ပစ္စည်းများရဲ့ Brand Ambassador တစ်ဦးလည်း ဖြစ်ပါတယ်။

Photo : စိုင်းစိုင်းခမ်းလှိုင် ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ