Local Celebrity: Celebrity ခေါက်ဆွဲသုပ်နဲ့အတူ Duwun Food Carnival ပွဲမှာ ရှိနေမယ့် မကြီးစန်း

မကြီးစန်းရဲ့ ခေါက်ဆွဲသုပ်လက်ရာကို စားကြည့်ချင်တဲ့ ပရိသတ်တွေ လာခဲ့ကြဖို့ ဖိတ်ခေါ်ပါတယ်။

မတ်လ(၂၆)ရက်နေ့ ကစလို့ စတင်ကျင်းပလျက်ရှိတဲ့ Duwun Media က ကြီးမှူးကျင်းပတဲ့ Duwun Food Carnival ပွဲမှာတော့ နာမည်ကျော် မိတ်ကပ်ခင်စန်းဝင်းရဲ့ Celebrity ခေါက်ဆွဲသုပ်ပါ ပါဝင်ပါတယ်။ နာမည်ကြီးအစား အသောက် တွေနဲ့ဆိုင်ခန်းပေါင်း ၁၀၀ကျော်ထဲမှာ မကြီးစန်းရဲ့ ခေါက်ဆွဲသုပ်ကလည်း ပရိသတ်အားပေးမှု ရရှိခဲ့ပါတယ်။

အနုပညာရှင်တွေကြားထဲမှာကော ပရိသတ်တွေရဲ့ ပါးစပ်ဖျားမှာ ရေပန်းစား အကြိုက်တွေ့စေတဲ့ မကြီးစန်းရဲ့ ခေါက်ဆွဲသုပ်ကတော့ ဈေးနှုန်း ငါးထောင်ကျပ်သတ်မှတ်ထားပြီး ရရှိတဲ့ ငွေတွေကိုတော့ ပရဟိတလုပ်ငန်းတွေအတွက် ပြန်လည်အသုံးပြုသွားမှာ ဖြစ်တယ်လို့ မကြီးစန်းက Duwuwn ကို ယခုလို ပြောပြပေးထားပါတယ်။

play

 

"မကြီးစန်းကိုယ်တိုင်ကလည်း အသုပ်ကြိုက်တယ်။ မြန်မာလူမျိုးတော်တော်များများကလည်း အသုပ်ကြိုက်တယ် ဆိုတဲ့အတွက် မကြီးစန်း ဒီပွဲမှာ အစုံသုပ်လေး စီစဉ်ထားပါတယ်။ မကြီးစန်းရဲ့ Celebrity အသုပ်ကို ဈေးသတ်မှတ် ထားတယ်ဆိုတာကလည်း အရင်ကတော့ ပရဟိတ ပွဲတွေမှာ သတ်နိုင်သလောက်ပဲ လှူဒါန်းပြီး စားသုံးနိုင်တယ်လို့ သတ်မှတ်ထားတဲ့အခါ မကြီးစန်း ပြန်လှူတော့ မှန်းသလောက်အလှူမဖြစ်တော့ မကြီးစန်းဈေးနှုန်းသတ်မှတ်ပြီး ရောင်းရတာပါ။ ဒါကြောင့် အလှူဒါနလေးလည်း ဖြစ်အောင် အသုပ်လာစားရင်းနဲ့အလှူငွေထည့်ဖြစ်အောင် လာခဲ့ကြဖို့ကိုလည်း ဖိတ်ခေါ်ချင်ပါတယ်" လို့ သူက ပြောပြထားပါတယ်။

play

 

Duwun Food Carnival ပွဲကိုတော့ မတ်လ(၂၆)ရက်နေ့နဲ့ (၂၇)ရက်နေ့ နှစ်ရက်တိုင်တိုင် ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် မကြီးစန်းရဲ့ Celebrity အသုပ်ကို စားကြည့်တဲ့ ပရိသတ်တွေကော အခြားသော ဆန်းသစ်တဲ့ အစားအသောက်များစွာကို စိတ်ဝင်စားတဲ့ ပရိသတ်များအားလုံး  ရန်ကုန်မြို့ ပြည်သူ့ရင်ပြင် ( ပြည်လမ်းဝင်ပေါက်) မှာကျင်းပနေတဲ့ Duwun Food Carnival  ကို လာရောက်ခဲ့ကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ