Local Celebrity: Charm 2 ဇာတ်လမ်းတွဲ ကန်တော့ပွဲပေး

ဒီနေ့နံနက် ရွှေတိဂုံဘုရားတွင် ကန်တော့ပွဲအခမ်းအနား ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

play

 

ပရိသတ်ကြိုက်နှစ်သက်တဲ့ ဇာတ်လမ်းတွဲ တစ်ခုဖြစ်တဲ့ Charm ဇာတ်လမ်းတွဲရဲ့ အဆက် Charm 2 ဇာတ်လမ်းတွဲ ကိုတော့ သြဂုတ်လ(၂၁)ရက်နေ့မှာ စတင်ရိုက်ကူးသွားမယ်လို့ သိရပါတယ်။ အဲ့ဒီဇာတ်လမ်းတွဲအတွက် ကန်တော့ပွဲ ပေးခြင်း အခမ်းအနားကိုလည်း သြဂုတ်လ(၁၉)ရက်နေ့ နံနက်ပိုင်းက ရွှေတိဂုံဘုရားတွင် ကျင်းပပြုလုပ်ခဲ့ပါတယ်။

play

 

Charm 1 မှာတော့ ပရိသတ်အားပေးရရှိခဲ့ပြီးတော့ မကြာခင် ရိုက်ကူးတော့မယ့် Charm 2 ဇာတ်လမ်းမှာ ပရိသတ်တွေကို ဘယ်လိုများ ဆွဲဆောင်နိုင်မလဲ ဆိုတာကတော့ စိတ်ဝင်စားစရာ ကောင်းလှပါတယ်။

Charm 2 ထဲမှာတော့ ဘန်နီဖြိုး၊ သိန်းလင်းစိုး၊ နန်းဆုဦးနဲ့ အခြားသော သရုပ်ဆောင်များစွာ ပါဝင်မှာ ဖြစ်ပြီး ဒါရိုက်တာ သားညီကပဲ ရိုက်ကူးသွားမှာ ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ