အဆိုတော် ပိုပိုက မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ တရုတ်နိုင်ငံ ကျုံ့ကျိုးမြို့မှာ ကျင်းပခဲ့တဲ့ China ASEAN Friendship Concert မှာ ပါဝင်ခဲ့ပါတယ်။

အဲ့ဒီ ဖျော်ဖြေပွဲမှာ သူမအနေနဲ့ မြန်မာသီချင်းတွေလည်း သီဆိုခဲ့သလို တရုတ်သီချင်းတစ်ပုဒ်ကိုလည်း လာအို အမျိုးသားအဆိုတော် တွဲဖက်ဖျော်ဖြေခဲ့တယ်လို့ သိရပါတယ်။

play

 

ပိုပိုဟာ တရုတ်နိုင်ငံကို ဒီဇင်ဘာ(၆) ရက်နေ့က သွားရောက်ခဲ့တာ ဖြစ်ပြီး ဒီဇင်ဘာ(၉)ရက်နေ့မှာ ပြန်လာပါပြီဆိုပြီး သူမရဲ့ ဖေ့စ်ဘွတ်အကောင့်မှာ တင်ထားတာ တွေ့ရပါတယ်။

မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ ပါဝင်ခဲ့တဲ့ သူမက မြန်မာအမျိုးသမီးတစ်ယောက်အနေနဲ့ မြန်မာဝတ်စုံဝတ်ရတာ သိပ်ဂုဏ်ယူမိတယ် ဆိုပြီးတော့လည်း ပြောထားပါသေးတယ်။

play

 

"တရုတ်နိုင်ငံ ကျူံ့ကျိုးမြို့မှာ ကျင်းပတဲ့ China ASEAN Friendship Concert မှာ ပိုပိုလဲ မြန်မာကိုယ်စားပြု ပါဝင် ဖျော်ဖြေခဲ့ပါတယ်။

အမြဲ တမ်း အရမ်းလှသော မြန်မာ ဝတ်စုံ လေး ချုပ်ပေးတဲ့ Designer ကိုမျိုးမင်းစိုးနဲ့ ဦးကြွက်(Sky Net) ကိုလဲ ကျေးဇူး ပါရှင် (ပြန်လာပါပြီ)" လို့လည်း ဆိုထားပါတယ်။

play

 

China ASEAN Friendship Concert မှာ ဖျော်ဖြေခဲ့တဲ့ ပိုပိုရဲ့ ပုံရိပ်များကိုလည်း ပရိသတ်များအတွက် ပြန်လည်ဖော်ပြပေးလိုက်တယ်နော်။

ပိုပိုကတော့ လက်ရှိမှာ ခရီးတွေသွားဖြစ်နေသလို အနုပညာအလုပ်တွေလည်း ဆက်တိုက်ဆိုသလို လုပ်ကိုင်လာတာတွေ့ရပါတယ်။ ဖျော်ဖြေပွဲတွေ နဲ့ အလုပ်ရှုပ်နေသလို ပွဲတွေ တော်တော်များများတက်ဖြစ်နေတာကိုလည်း တွေ့ရပါတယ်။

play

 

အဆိုတော်ပိုပိုကတော့ ပထမဆုံးတစ်ကိုယ်တော်တေးစီးရီးဖြစ်တဲ့ ချစ်ဖူးခဲ့သမျှ တစ်ကိုယ်တော် အယ်လ်ဘမ်၊ အလွမ်း သီချင်းကြိုက်တဲ့ ရေဒီယို အယ်လ်ဘမ် တို့ကို ထွက်ရှိခဲ့ပြီးတော့ Master Piece  တစ်ကိုယ်တော် Audio CD ကိုလည်း အခုတစ်ခါ ထွက်ရှိလာခဲ့တာပဲ ဖြစ်ပါတယ်။

ပိုပိုပါဝင်ထားတဲ့ "ကြောက်ကြောက်ကြောက်" ရုပ်ရှင်ဇာတ်ကားကြီးကိုလည်း ပရိသတ်အားပေးမှု ရရှိထားတဲ့ ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။ အဲ့ဒီဇာတ်ကားကတော့ သူ့ရဲ့ ပထမဆုံး ရုပ်ရှင်ဇာတ်ကားလည်း ဖြစ်ပါတယ်။

Postby

 

Photo : ပိုပို FB

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video