Local Celebrity: ကဗျာဘွဲ့မှူး ငွေကြေးလိမ်လည်တဲ့ ကိစ္စ CID က ကိုင်တွယ်ဖြေရှင်းသွားမယ်

ငွေသိန်းပေါင်း တစ်သောင်းကျော်လောက် လိမ်လည်သွားခဲ့တာလည်း ဖြစ်ပါတယ်။

play

 

နာမည်ကြီး အဆိုတော် တစ်ဦးဖြစ်တဲ့ ကဗျာဘွဲ့မှူးကတော့ သူမရဲ့ အနုပညာအသိုင်းအဝိုင်းက သူများဆီက ငွေသိန်းပေါင်း တစ်သောင်းကျော်လောက် လိမ်လည်သွားခဲ့ပါတယ်။ အဲ့ဒီအမှုကိစ္စနဲ့ ပတ်သက်ပြီး တစ်နှစ်အကြာ မှာတော့ ကဗျာဘွဲ့မှူးငွေကြေးလိမ်လည်သွားတဲ့ ကိစ္စကို CID က ကိုင်တွယ်ဖြေရှင်းသွားမယ်လို့ သိရပါတယ်။

play

 

အဆိုပါ ငွေကြေးလိမ်လည်တဲ့ ကိစ္စရပ်များနဲ့ပတ်သက်ပြီး လိမ်လည်ခံရသူ အနုပညာရှင်များဘက်က ဒုတိယအကြိမ် သတင်းစာရှင်းလင်းပွဲကို ဒီဇင်ဘာ (၈)ရက်နေ့က ဂီတအစည်းအရုံး(ဗဟို)မှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ အစပိုင်း မှာတော့ အလိမ်လည်ခံရတဲ့ အနုပညာရှင်များဘက်က သက်ဆိုင်ရာ စခန်းတွေမှာ အမှုဖွင့်ထားပေမယ့်လည်း ကဗျာဘွဲ့မှူးကို မျက်နှာစုံညီနဲ့ ပြေပြေလည်လည်ဖြေရှင်းစေချင်ခဲ့တာဖြစ်ပါတယ်။

play

 

ယခုအချိန်မှာတော့ အဲ့ဒီကိစ္စကို CID က ကိုင်တွယ်ဖြေရှင်းအပေါ်မှာလည်း အများကြီး မျှော်လင့်ထားသလို အမှန်တရား ပေါ်ပေါက်လိုကြောင်း လိမ်လည်ခံရသူ အဆိုတော် ဘိုဖြူက ပြောပါတယ်။

Source : Mizzima News

Photo  : The Myanmar Reviews Journal

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ