Local Celebrity: ဒုတိယရင်သွေးလေး ထပ်မံ ပိုင်ဆိုင်ရတော့မယ့် Cobraတို့ ဇနီးမောင်နှံ

ဒီတစ်ခါလည်း မိန်းကလေးလို့ သိရပါတယ်။

အဆိုတော်  Cobra နဲ့ သရုပ်ဆောင် ခင်မဉ္ဇူခိုင်တို့ရဲ့ ဘဝထဲ မကြာခင် သမီးလေးတစ်ယောက် ရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။ သရုပ်ဆောင် ခင်မဉ္ဇူခိုင်ရဲ့ ဒုတိယရင်သွေးလေးကိုတော့ နိုဝင်ဘာလထဲမှာ မွေးဖွား တော့မယ်လို့ သိရပါတယ်။

သမီးလေးတစ်ယောက် ပိုင်ဆိုင်ထားပြီးပြီဖြစ်တဲ့ သူတို့နှစ်ဦးရဲ့ ဘဝထဲကို နောက်ထပ်ရောက်ရှိလာမယ့် ရင်သွေးလေးကတော့ သမီးလေး ဖြစ်ပါတယ်။

play

 

အခုဆိုရင် ကိုယ်ဝန်က (၃၄)ပတ်ထဲရှိသွားပြီ ဖြစ်ပြီး (၆)ပေါင်လောက်ရှိမယ်ဆိုပြီး မေမေခင်မဉ္ဇူခိုင်က ခန့်မှန်းထားပါတယ်။ ဒုတိယရင် သွေးလေးကိုတော့ နိုဝင်ဘာ(၁၆)ရက်နေ့မှာ ခွဲမွေးဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

‘‘သမီးလေးပါပဲ။ သမီးကြီး လေးက ၃နှစ်ခွဲဆိုတော့ အဖော် လည်း အရမ်းမက်လာပြီ။ အိမ်မှာ ဧည့်သည်လာလို့ ကလေးပါရင် မပြန်ခိုင်းတော့ဘူး။ ငိုတယ်ဆို တော့ အဓိကကသူ့အတွက် အဖော်ရအောင်   နောက်တစ်ယောက် ထပ်ယူခဲ့တာပါ’’ဆိုပြီးတော့ 7day မှာ ဖြေဆိုဖူးပါတယ်။

play

 

အိမ်ထောင်ကျကတည်းက ကလေးနှစ်ဦးယူဖို့ စီစဉ်ထားတာ ဖြစ်ပြီး ဒုတိယရင်သွေးလေး မွေးပြီးတာနဲ့ ကလေးထပ်မံယူဖို့ အစီအစဉ်မရှိတော့ဘူးလို့ သိရပါတယ်။

ခင်မဉ္ဇူခိုင်ဟာ ၂၀၀၅ခုနှစ် Miss Now How ပြိုင်ပွဲကစပြီး အနုပညာလောကထဲကို ဝင်ရောက်လာကာ  Photo Model အဖြစ် ရပ်တည်ခဲ့တာ ဖြစ်ပြီး ၂၀၀၈ခုနှစ်မှာ အိမ်ထောင်ကျခဲ့တာ ဖြစ်ပါတယ်။

play

 

 အိမ်ထောင် ကျပြီးနောက် ဝလာသဖြင့် အနု ပညာလှုပ်ရှားမှုများနှင့် အလှမ်းဝေးခဲ့သလို ပထမရင်သွေး (၂)နှစ် ပြည့်မှ ဗီဒီယိုဇာတ်ကားနှစ်ကား ပြန်လည်ရိုက်ကူးမယ်လို့လည်း သိရပါတယ်။

Source :7day Daily

Photo  : မဉ္ဇူခိုင် ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ