Local Celebrity: မြင့်မြတ်ကို Congratulation လုပ်လိုက်တဲ့ ရဲတိုက်

ထောင်ထဲမှာ သူကြည့်ခဲ့ရတဲ့ ဇာတ်ကားအကြောင်း ပြောပြခဲ့ပါသေးတယ်။

ရဲတိုက်ကတော့ ဒီနေ့(နိုဝင်ဘာ၁၇ရက်)မနက်ပိုင်းက တောင်ငူအကျဉ်းထောင်က လွတ်မြောက် လာခဲ့ပြီ ဖြစ်ပါတယ်။ ထောင်က လွတ်လွတ်ချင်း မီဒီယာတွေ အင်တာဗျူးမှာ သရုပ်ဆောင် မြင့်မြတ်ကို Congratulation လုပ်လိုက်တာ ဖြစ်ပါတယ်။

သူထောင်ထဲမှာနေတုန်း ကြည့်ရတဲ့ မြင့်မြတ်ဇာတ်ကားအကြောင်းကို ပြောပြခဲ့တာပါ။

play

 

အဲ့ဒီဇာတ်ကားကတော့ ဂျင်းကောင်ဆိုတဲ့ ဇာတ်ကား ဖြစ်ပြီး မြင့်မြတ်သရုပ်ဆောင်သလို ရဲတိုက်က သရုပ်ဆောင်ပြီး ဂျင်းကောင်လေသံနဲ့ ပြောပြခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီဇာတ်ကားမှာ မြင့်မြတ်ရဲ့ သရုပ်ဆောင်ကောင်းမှုကို ရဲတိုက်က ဂုဏ်ပြုခဲ့တာ ဖြစ်ပါတယ်။

ထောင်က လွတ်လာပြီ ဖြစ်တဲ့ ရဲတိုက်တစ်ယောက် အရမ်းကိုပျော်ပြီး စိတ်လှုပ်ရှားလျက်ရှိတာကိုလည်း တွေ့ရပါတယ်။

play

 

မူးယစ်ဆေးဝါးလက်ဝယ်တွေ့ရှိမှု ၊ သာသနာညှိုးနွမ်းစေမှု တို့ဖြင့် တောင်ငူအကျဉ်းထောင်တွင် ပြစ်ဒဏ်ကျခံနေရတဲ့သရုပ်ဆောင်ရဲတိုက် ရဲ့ အိမ်အပြန်လမ်းကိုတော့ ဖဲကြိုးဝါနေ့ရက်များလို့ တင်စားထားတဲ့အတိုင်း ရဲတိုက်ကို သွားရောက်ကြိုဆိုကြသော ကားများတွင်ဖဲကြိုးအဝါများကို တပ်ဆင်ထားတာကိုလည်းတွေ့ရပါတယ်။

play

 

သရုပ်ဆောင်ရဲတိုက်ဟာ ၂၀၁၃ ခုနှစ် ဇူလိုင်လတုန်းက ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ်မှာ ဆေးခြောက် တစ်ကျပ်သားခန့် လက်ဝယ်တွေ့ရှိမှုနဲ့ ထောင်ဒဏ် ၆ နှစ်ကျခံခဲ့ရတာဖြစ်ပါတယ်။ သရုပ်ဆောင်ရဲတိုက် လွတ်မြောက်လာပြီဖြစ်တာကြောင့် ဆာတိုရီရုပ်ရှင် ထုတ်လုပ်ရေးအနေနဲ့ အနုပညာအလုပ်တွေကို ပြန်လည်ဆောင်ရွက်နိုင်အောင်၊ ပရိသတ်တွေလည်း စောင့်မျှော်ရကျိုးနပ်အောင် ဇာတ်ကား ကောင်းတွေထုတ်ရိုက်ဖို့ ကြိုးစားနေတယ်လို့ ဆာတိုရီ ရုပ်ရှင်ထုတ်လုပ်ရေးက ကိုရီဇော်က  Duwun Media ကိုဖြေဆိုခဲ့ပါတယ်။

Source : 7day TV

Photo  : မြင့်မြတ် ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ