Local Celebrity: Crush ရတဲ့သူနဲ့ အတူ ရိုက်ကူးထားတဲ့ အိမ့်ချစ်ရဲ့ သီချင်း

အဲဒီသီချင်းကို အွန်လိုင်းမှာ ဖြန့်ချိသွားမှာ ဖြစ်ပါတယ်။

play

 

ဖျော်ဖြေပွဲတွေနဲ့ စီးရီးခွေအတွက် အလုပ်တွေ များနေတဲ့ အိမ့်ချစ်က သူ့ရဲ့ ပရိသတ်တွေအတွက် Music Video တစ်ပုဒ် အွန်လိုင်းကနေ အခမဲ့ ဖြန့်ချိပေးသွားမယ်လို့ သိရပါတယ်။ သီချင်းနာမည်က "oh my Crush" လို့နာမည်ပေးထားပြီး အဲဒီသီချင်းကို သူမကိုယ်တိုင် အပြင်မှာ Crush ရတဲ့ သရုပ်ဆောင် နေတိုးနဲ့ အတူ ရိုက်ကူးထားတာ ဖြစ်ပါတယ်။

play

 

အဲဒီသီချင်းလေးဟာ သူမရဲ့ Crush ရသူ တစ်ဦးအကြောင်းကို ရေးသားထားတာ ဖြစ်ပြီး Crush နေရတဲ့ သူသိသိမသိသိ ကိုယ်က Crush နေရတဲ့ အကြောင်းကို ရေးသားထားတဲ့ သီချင်းလေး ဖြစ်တယ်လို့ သူမ Live လွှင့်တဲ့အချိန်မှာ ပြောပြထားပါတယ်။

play

 

သူမကိုယ်တိုင် အပြင်မှာ  Crush ရတဲ့ နေတိုးနဲ့ အတူ ရိုက်ကူးရတာကြောင့် အရမ်းကို ပျော်ပြီး ရင်ခုန်ခဲ့ရတယ်လို့ သူမရဲ့ ပရိသတ်တွေကို ပြောပြထားပါတယ်။ အဲဒီ Music Video ကိုလည်း ဒီဇင်ဘာလထဲမှာ ပရိသတ်တွေကို တင်ဆက်ပေးနိုင်ဖို့ ကြိုးစားနေသလို ပရိသတ်တွေလည်း အားပေးကြပါဦးလို့ ပြောထားပါတယ်။

play

 

နောက်ထပ်လည်း သူမရဲ့ "အိမ့်ချစ်ဟုခေါ်သည်" စီးရီးခွေအတွက် ပြင်ဆင်နေပြီး အမိုက်စား သီချင်းမျိုးလေးတွေ ပါအောင် ကြိုးစားထားတယ်လို့ သိရပါတယ်။

Photo : အိမ့်ချစ် ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ