Local Celebrity: ဝါသနာအရလုပ်ရင်းနဲ့ Customer တွေက အရမ်းအားပေးခဲ့တဲ့ လင်းဇာနည်ဇော်တို့ရဲ့ ရွှေတောင်ခေါက်ဆွဲ

အခုဆိုရင် နှစ်လပြည့်တော့မယ်လို့ သိရပါတယ်။

ရွှေတောင်ခေါက်ဆွဲကို ဝါသနာအရလုပ်ရင်းနဲ့ ယခုဆိုရင် Customer တွေက အရမ်းကို အားပေးနေတာကြောင့် တစ်ရက်မှ နားရက်မရှိပဲ ရောင်းနေရပါတယ်တဲ့။  အခုဆိုရင် ရွှေတောင်ခေါက်ဆွဲရောင်းတာ နှစ်လပြည့်တော့မယ်လို့ သိရပါတယ်။

လက်ရှိမှာ ရွှေတောင်ခေါက်ဆွဲကို အစ်မဖြစ်သူ ချစ်ချစ်ဇော်နဲ့အတူ ရောင်းနေပြီး ဆိုင်ဖွင့်ချင်ပေမယ့် ဖခင်ရဲ့ ကျန်းမာရေး အခြေအနေကြောင့် ဆိုင်ဖွင့်နိုင်ဦးမယ် မထင်ဘူးလို့လည်း ဆိုပါတယ်။

play

 

"‘ရွှေတောင်ခေါက်ဆွဲကို အစ်မတို့စလုပ်တုန်းက စီးပွားရေး အတွက်ရယ် လုပ်ခဲ့တာမဟုတ်ပါ ဘူး။ ဝါသနာအရ လုပ်ရင်းနဲ့မှ Customer တွေက အရမ်းအား ပေးတော့ အခုဆိုရင် နှစ်လပြည့် တော့မယ်။ တစ်ရက်မှ နားရက် မရှိဘူး။ အစ်မက အလုပ်လုပ်ရတာ ကို ကြိုက်တယ်။ ထိုင်နေရတာကို မကြိုက်ဘူး။ အနုပညာအလုပ်က တော့ ပင်မအလုပ်ပေါ့။ ကိုယ် ဝါသနာပါလို့လုပ်တဲ့အလုပ်ဆို တော့ လျော့ရင်သာ လျော့သွား မယ်။ ဘယ်တော့မှ မရပ်ပါဘူး"လို့ ဆိုပါတယ်။

play

 

လင်းဇာနည်ဇော်တို့ရဲ့ ရွှေတောင်ခေါက်ဆွဲကတော့ အနုပညာရှင်တွေ ကြားထဲမှာသာမက ပရိသတ်များထဲမှာပါ နာမည်ရနေပြီ ဖြစ်ပါတယ်။ ရွှေတောင်ခေါက်ဆွဲလုပ်ငန်း လုပ်နေပေမယ့်လည်း အနုပညာအလုပ်များကိုလည်း ဆက်ပြီး လုပ်သွားဦးမယ်လို့ သိရပါတယ်။

play

 

သူမတို့ရဲ့ ထုတ်လုပ်ရေးဖြစ်တဲ့ "UKZ" ထုတ်လုပ်ရေးက ပထမဆုံး ရိုက်ကူးထားတဲ့  ‘မြန်မာပေါကား တွေရပ်’ ရုပ်ရှင်ဇာတ်ကား ဟာလည်း ဆင်ဆာတင်ရတော့မှာ ဖြစ်တဲ့အတွက် ရင်ခုန်နေတယ်လို့ ဆိုပါတယ်။

‘‘သရုပ်ဆောင်တွေလည်း တော်တော်သုံးထားတယ်။ ဒီကား ကို ဒီလထဲမှာ ဆင်ဆာကြည့်မယ် ဆိုတော့ ထုံးစံအတိုင်း ပရိုဂျူဆာ သဘောက ရင်တုန်နေရတာပေါ့။ ခေါက်ဆွဲဘက်လှည့်ထားပြီး မသိ ချင်ယောင်ဆောင်နေတာ။ ဒါပေ မဲ့ စိတ်ထဲမှာတော့ ငါတို့ကား ဘာ ဖြစ်မလဲဆိုပြီး ဘုရားမှာ နေ့တိုင်း ဆုတောင်းနေလို့ ကုသိုလ်နှစ်ဆ ပိုရနေပါတယ်’’လို့ လင်းဇာနည်ဇော် က ပြောပါတယ်။

Postby

Source : 7day Daily

Photo : လင်းဇာနည်ဇော် ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ