Local Celebrity: ကမ္ဘာ့နံပါတ်တစ် DJ လာရောက်ဖျော်ဖြေမယ့် We are Connected DJ ပွဲ

လက်မှတ်ဈေးနှုန်းများကို အောက်တိုဘာလအတွင်းပြန်လည်ကြေညာသွားမယ်လို့ သိရပါတယ်။

play

 

မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် ကျင်းပပြုလုပ်မယ့် We are Connected DJ ပွဲတော်ကို နိုဝင်ဘာ(၂၃)ရက်နေ့ တွင် ကျင်းပပြုလုပ်သွားမယ်လို့ သိရပါတယ်။ ကမ္ဘာနံပါတ်တစ် DJအဖြစ် ငါးကြိမ်တိုင်တိုင် ရွေးချယ်ခံထားရတဲ့ နယ်သာလန်နိုင်ငံသား DJ Armin Van Buuran နဲ့အတူ အခြား ထိပ်တန်း DJ သုံးဦးကလည်း လာရောက်ဖျော် ဖြေမှာ ဖြစ်တယ်လို့ သိရပါတယ်။

play

 

"ဒီပွဲက ကုန်ကျစရိတ်အများဆုံးပွဲလည်းဖြစ်ပါတယ်။ လက်မှတ်တွေကိုတော့ အောက်တိုဘာ လဆန်းကနေ ရောင်းချ ပေးတော့မှာပါ။ လာတဲ့ပရိသတ်တွေကလည်း လာတဲ့အခါမှာပျော်ရွှင်မှု ရရှိစေပြီး ပျော်ရွှင်မှုတွေကို ပြန်ပြီးသယ်သွားနိုင်အောင်လို့ပါ။ စိတ်ဝင်စားတဲ့ ပရိသတ်တွေကလည်း WE ARE CONNECTED Page ကနေ သတင်းအချက်တွေကိုလည်း ရယူနိုင်ပါတယ်။ ပွဲရဲ့အကြောင်းလေးတွေကိုလည်း WE ARE CONNECTED ကနေရှာ လို့ရနိုင်ပါတယ်။ ကျွန်တော်တို့ ကျင်းပမယ့်နေရာကလည်း ကျယ်ဝန်းပြီးတော့ လူသုံးသောင်း လောက်ကို ကြည့်ရူနိုင်ပါတယ်"လို့ Star Event Productionမှ ကိုဂျွန်လွင်က ပြောပါတယ်။

play

 

လက်မှတ်ဈေးနှုန်းများကိုတော့ အောက်တိုဘာလအတွင်း ပြန်လည်ကြေညာသွားမှာ ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ