Local Celebrity: Dreamcatcher ဒီဇိုင်းလေး ထုတ်ဖြစ်တဲ့ရည်ရွယ်ချက်ကို ပြောပြခဲ့တဲ့ အိမ့်ချစ်

Emily Brand ရဲ့ ဒီဇိုင်းအသစ်လေးပါ။

Emily ဆိုတဲ့ ကိုယ်ပိုင် Brand လေး ဖန်တီးပြီး အင်္ကျိတိုင်းမှာ အဓိပ္ပာယ်ပါအောင် ထုတ်တယ်ဆိုတဲ့ အိမ့်ချစ်ဟာ သူမရဲ့နောက်ဆုံး ထုတ် Dreamcatcher အင်္ကျီဒီဇိုင်းလေးတွေ ထုတ်ဖြစ်ခဲ့တဲ့ စိတ်ကူးကို Duwun Media ကို ရှင်းပြခဲ့ပါတယ်။

play

 

'' အမျိုးသမီးတစ်ယောက်နဲ့တစ်ယောက်က အကြိုက်ချင်းမတူကြတာဖြစ်တဲ့အတွက် သေချာချိန်ပြီးထုတ်ရတယ်။ လောလောဆယ် မှာတော့ ဖက်ရှင်နဲ့ပတ်သက်တဲ့ ပစ္စည်းတွေ အကုန်လုံးရနိုင်အောင် ကြိုးစားနေတယ်။အစ်မဆိုင်ကအကျီင်္လေးတွေနဲ့လိုက်ဖက်မယ့် ကိုယ်ပိုင်Hand Made လေးတွေကို ထွင်ပြီးတော့ ရောင်းတာပါ။အင်္ကျီတစ်ခု စီတိုင်းမှာ အဓိပ္ပာယ်ပါပါလေးတွေတော့ ထုတ်ဖြစ် ပါတယ်" လို့ Dreamcatcher ဆိုတဲ့ ဒီဇိုင်းလေးကိုဆွဲထားတာပေါ့။ဒါလေးက အဓိပ္ပာယ်ကောင်းတယ် ကိုယ့်အိမ်မက်တွေကို ဖမ်းဆုပ် ပေးတယ်။ကောင်းတဲ့အိမ်မက်တွေကို ဖမ်းယူပေးတယ်ဆိုတဲ့အဓိပ္ပာယ်လေးနဲ့ပါ။

play

 

အိမ်မှာဆိုလည်း Dreamcatcher လေးတွေ အများကြီးထားတယ် ငယ်ငယ်ကတည်းကလည်း သဘောကျတယ်။ ဒါကြောင့် အကျီင်္ လေးကိုလည်း တြိဂံလေး ၃ ခုက အချိန် ၃ခုကိုကိုယ်စားပြုတယ် အတိတ်ရယ်၊ ပစ္စုပန်ရယ်၊ အနာဂတ်ရယ်ပေါ့။ အတိတ်မှာ ဖြစ်ချင် တဲ့ဆန္ဒလေး ကို ပစ္စုပန်မှာ အကောင်အထည်ဖော်ရင်းနဲ့ အနာဂတ်မှာ ကံကောင်းခြင်းတွေရရှိနိုင်ပါစေဆိုတဲ့ ရည်ရွယ်ချက်လေး မြောက်အောင်လို့ ဒီဇိုင်းလေးကို ဆွဲခဲ့တာပါ'' လို့ သူကဆိုပါတယ်။

play


အိမ့်ချစ်ကတော့ သူ့ရဲ့ဖက်ရှင်တွေကို Online ကနေ မှာယူလို့လည်းရသလို၊ နာမည်ကြီး Product Fair တွေ၊ပြပွဲတွေမှာဆိုရင် ပရိ သတ် တွေနဲ့ နီးနီးကပ်ကပ်ထိတွေ့ခွင့်ရအောင်လို့ ရောင်းချပေးတာမျိုးတွေ ပြုလုပ်လေ့ရှိတယ်လို့သိရပါတယ်။မကြာခင်က BKK Night Market မှာလည်း Emily Brand အဝတ်အထည်လေးတွေရောင်းချတဲ့အခါ ထင်ထားတာထက် ပိုအားပေးကြလို့ အရမ်းကျေနပ်တယ် လို့ သိရပါတယ်။

Photo: အိမ့်ချစ်ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ