Local Celebrity: Duwun Food Carnival နဲ့ ပတ်သတ်ပြီး အနုပညာရှင်များရဲ့ စကားသံများ

သူတို့ရဲ့ အမြင်လေးတွေကို ပြောပြသွားတာ ဖြစ်ပါတယ်။

ရန်ကုန်မြို့ ပြည်သူ့ရင်ပြင် (ပြည်လမ်းဝင်ပေါက်)မှာ ကျင်းပနေတဲ့ Duwun Food Carnival ပွဲကို မတ်လ(၂၆/၂၇) နှစ်ရက်တိုင်တိုင် ကျင်းပပြုလုပ်လျက်ရှိပါတယ်။ အဲ့ဒီပွဲမှာတော့ ဆိုင်ခန်း(၁၀၀)နဲ့ အစားအသောက်များစွာကို ခင်းကျင်းရောင်းချလျက်ရှိပါတယ်။ ဝင်ကြေးအခမဲ့ သတ်မှတ်ထားတဲ့ Duwun Food Carnival ပွဲမှာတော့ အစားအသောက်တွေ များစွာကို တစ်နေရာထဲမှာ စားသုံးနိုင်သလို အနုပညာရှင်များရဲ့ ဖျော်ဖြေတင်ဆက်မှုတွေကိုလည်း မြင်တွေ့ရမှာ ဖြစ်ပါတယ်။

 မတ်လ(၂၆)ရက်နေ့က Duwun Food Carnival  ပွဲမှာ ဖျော်ဖြေသွားတဲ့ အနုပညာရှင်များကတော့ ရဲလေး၊ ဂျိုကာ၊ ဝိုင်းလေးနဲ့ ဇွဲပြည့်တို့ပဲ ဖြစ်ပါတယ်။ Duwun Food Carnival ပွဲနဲ့ ပတ်သက်ပြီး သူတို့ရဲ့ အမြင်လေးတွေကို ယခုလို ပြောပြခဲ့ပါတယ်။

play

 

ရဲလေး

Food Carnival ဆိုတဲ့ ခေါင်းစဉ်လေးကလည်း ဆန်းတယ်။ ဒီလိုပွဲမျိုးလည်း တစ်ခါမှမကြုံဖူးဘူး အခုလို ပွဲမှာ ပါဝင်ဖျော်ဖြေဖြစ်တာလည်း ပထမဆုံးအနေနဲ့ ဖြစ်ပါတယ်။ ရှိုးပွဲကြီး လုပ်တဲ့ဝန်းထဲမှာ တကယ့်ကို အစားအသောက် စုံစုံလင်လင်နဲ့ ခမ်းခမ်းနားနားနဲ့ ဆိုင်လေးတွေနဲ့ လုပ်တဲ့ ပွဲလေးဆိုတာ ဒီရောက်မှာ မြင်ရတဲ့အတွက် အံ့သြမိပါတယ်။ တော်တော်လေးလည်း အဆင့်မြင့်ပါတယ်။ ပျော်ရွှင်စရာလည်း ကောင်းပါတယ်။ ကျွန်တော်လည်း အရမ်းကိုပျော်ပါတယ်။ ကျွန်တော့်တို့လိုပဲ Duwun Food Carnival ပွဲကို ပျော်ပျော်ရွှင်ရွှင်နဲ့ လာရောက်အားပေးကြဖို့ကိုလည်း ဖိတ်ခေါ် လိုက်ပါတယ်။

play

 

ဇွဲပြည့်

ကျွန်တော်တောင် ဒီနေ့ပွဲကိုလာရတာ တော်တော်ကိုဝင်လာရတယ်။ လူတွေလည်းအများကြီးပဲ။ တော်တော်အောင်မြင် တယ်လို့ ပြောလို့ရပါတယ်။ ဒါမျိုးအစားအသောက်တွေ နေရာတစ်နေရာထဲမှာ စုံစုံလင်လင်ရဖို့ဆိုတာ တော်တော် ရှားပါတယ်။ ကားကြပ်တာနဲ့ဆိုတော့ နေရာအစုံသွားစားဖို့ဆိုတာ အဆင်မပြေနိုင်ဘူးပေါ့နော်။ ဒီလိုမျိုးလေး စီစဉ်ထား တဲ့အတွက် အလွယ်တကူစားလို့ရတဲ့အတွက် ပျော်ဖို့ကောင်းပါတယ်။ နက်ဖြန်လည်း လာခဲ့ဖို့ ဖိတ်ခေါ်ပါတယ်။ မုန့်တွေစားရင်း သီချင်းတွေ နားထောင်ကြအောင်ပါ။

play

 

ဂျိုကာ

Duwun Food Carnival ပွဲကတော့ အရမ်းမိုက်ပါတယ်။ကျွန်တော်ကိုယ်တိုင်ကလည်း အစားအသောက်သမားဆိုတော့ မိုက်ပါတယ်။ ပြီးတော့ မုန့်လည်းစားရင်း ရှိုးပွဲလည်း ကြည့်လို့ရတယ်ဆိုတော့ အရမ်းမိုက်ပါတယ်။ဒါဟာ ဒီပွဲကို လာတဲ့ ပရိသတ်တစ်ယောက်ရဲ့အမြင်နဲ့ ပြောတာပါ။ ဘာပဲပြောပြောအရမ်းမိုက်ပါတယ်။ တကယ်ကို အောင်မြင်တဲ့ပွဲလို့ ပြောလို့ရပါတယ်။ နောက်ထပ်လည်း ဒီလိုပွဲမျိုး လုပ်နိုင်ဖို့ Duwun အတွက် ဆုတောင်းပေးပါတယ်။

play

 

ဝိုင်းလေး

ဒီနေ့ပွဲက ဆိုင်ခန်းပေါင်း တစ်ရာကျော်နဲ့ အစားအသောက်တွေများစွာ ခင်းကျင်းပြသတဲ့ ပွဲဖြစ်တာကြောင့် အရမ်းလည်းပျော်စရာလည်း ကောင်းပါတယ်။ အစားအသောက်တင်မကဘူး ဖျော်ဖြေရေးပါ ပါတဲ့အတွက် အရမ်းကို မိုက်ပါတယ်။ နက်ဖြန်လည်း ပရိသတ်လာရောက်အားပေးကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်ရှင့်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ