Local Celebrity: ဒီနေ့ Duwun အစားအသောက်ပွဲမှာ ရှိနေမယ့် မြန်မာပြည်သိန်းတန်နဲ့ ခင်စုစုနိုင်

အခြားသော အနုပညာရှင်များလည်း ပါဝင်ပါသေးတယ်။

play


ရန်ကုန်မြို့ ပြည်သူရင်ပြင်မှာ ကျင်းပနေတဲ့ Duwun Food Carnival ကို ဒုတိယမြောက်ဖြစ်တဲ့ ဒီနေ့(မတ်လ၂၇ရက်နေ့)မှာလည်း အနုပညာရှင်များစွာ ပါဝင်ဆင်နွှဲဦးမှာပါ။ ချစ်မြဲအတိုင်းချစ်မယ်၊ ငါ့ဘဝ ငါ့အိန်ဂျယ် သီချင်းတွေကို သီဆိုထားတဲ့ နာမည်ကျော်အဆိုတော် ခင်စုစုနိုင်ကလည်း ဒီညမှာ Duwun Food Carnival ပွဲမှာ ရှိနေမှာပါ။

play


Mynamr Idlo ပြိုင်ပွဲမှာ အန်ကယ်ကတော့ နိုးပါဆိုပြီး ဖျော်ဖြေခဲ့တဲ့ ဒိုင်လူကြီးတဖြစ်လဲ နိုင်ငံကျော်အဆိုတော် မြန်မာပြည်သိန်းတန်လည်း ဒီနေ့ Duwun Food Carnival ပွဲကို လာရောက်အားပေးဦးမှာ ဖြစ်တယ်လို့ သိရပါတယ်။

play


ပြိုင်ပွဲကနေ တစ်ဆင့် ပရိသတ်အားပေးမှု ရလာတဲ့ ဖြိုးပြည့်စုံနဲ့ လူငယ်လေးတွေ စုပေါင်းထားပြီးဆန်းသစ်လှပတဲ့ ကကွက်တွေနဲ့ နာမည်ကြီးလာတဲ့ Project K အကအဖွဲ့တို့ဟာ ဒီနေ့ညမှာ ပရိသတ်တွေကို အားပါးတရ ဖျော်ဖြေသွားမှာ ဖြစ်ပါတယ်။ ဖျော်ဖြေရေး အစီအစဉ်တွေက ညနေ(၆)နာရီခွဲမှာ စတင်မှာပါ။

Duwun Food Carnival ပွဲမှာ မုန့်တွေစားရင်း ဖျော်ဖြေရေးအစီအစဉ်တွေကို ကြည့်ချင်တဲ့ ပရိသတ်တွေ အားလုံး ရန်ကုန်မြို့ ပြည်သူ့ရင်ပြင် ( ပြည်လမ်းဝင်ပေါက်) မှာ ကျင်းပနေတဲ့ Duwun Food Carnival ဟာ ည(၉)နာရီအထိ ကျင်းပနေမှာ ဖြစ်လို့ အရောက်လာခဲ့ကြဖို့  ဖိတ်ခေါ်လိုက်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ