Local Celebrity: ဂျက်မြသောင်းရဲ့ “နှလုံးသွေး နှင့် ရင်ခုန်ကြသူများ” DVD

, updated

အောက်တိုဘာ (၇)ရက်နေ့တွင် ထွက်ရှိမှာ ဖြစ်ပါတယ်။

play

အဆိုတော် ဂျက်မြသောင်းရဲ့ “နှလုံးသွေး နှင့် ရင်ခုန်ကြသူများ” ဒီဗွီဒီ ကာရာအိုကေသီချင်းခွေကို အောက်တိုဘာ (၇)ရက်နေ့မှာ Myanmar Music Network မှ ဖြန့်ချိသွားမယ်လို့  သိရပါတယ်။

“ကျွန်တော် ဒီသီချင်းခွေကို လုပ်ချင်တာကြာပြီ အကြောင်းကြောင်းကြောင့် အခုမှ ဒီဗွီဒီထွက်ဖြစ်တာ ပါ။ ကျွန်တော်သီချင်းခွေကို သီဆိုတဲ့သူတိုင်းက ရင်ခုန်ပြီးတော့ သီဆိုကြတယ်။ အရမ်းကို စိတ်နှစ်ပြီး ဖန်တီးကြတဲ့အတွက် ဒီခေါင်းစဉ်လေးကို ပေးဖြစ်တာပါ။ ကျွန်တော်တစ်ယောက်ထဲက တစ်ပုဒ်သီဆိုထားတယ်။ တချို့ သီချင်း လေးကို အတူသီဆိုထားတာလည်း ပါပါတယ်"လို့  အဆိုတော် ဂျက်မြသောင်းက ဆိုသည်။

သီချင်း (၁၂)ပုဒ်ပါဝင်တဲ့ အဲ့ဒီအခွေထဲတွင် အဆိုတော် ရင်ဂို၊ ဘိုဖြူ၊ R ဇာနည်၊ စည်သူလွင်၊ ဖြိုးကြီး၊ ဟဲလေး၊ ပြည့်ဖြိုး၊ ဝိုင်းစုခိုင်သိန်း၊ ချမ်းချမ်းနဲ့ အေသင်ချိုဆွေတို့က ပါဝင်သီဆိုထားတယ်လို့ သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ