အဆိုတော် ဝိုင်းစုခိုင်သိန်းက သူမရဲ့ Birthday Show ကို ဒီဇင်ဘာ(၂၄)ရက်နေ့က အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါတယ်။

သူမရဲ့ ဖျော်ဖြေပွဲကတော့ ပရိသတ်များနဲ့ ထပ်တူကျခဲ့ပါတယ်။ တစ်ကိုယ်တော်ဖျော်ဖြေပွဲကို သူမရဲ့ ပရိသတ်များနဲ့အတူ အနုပညာညီအစ်ကိုများလည်း သွားရောက်အားပေးခဲ့ကြပါတယ်။

play

 

ယင်းဖျော်ဖြေပွဲကို မကြည့်ရသေးတဲ့ ပရိသတ်တွေအတွက် Legacy ထုတ်လုပ်ရေးကနေ DVD အဖြစ် ပြန်လည်ဖြန့်ချိပေးမယ်လို့ ဖျော်ဖြေပွဲမှာ ပြောပြခဲ့ပါတယ်။

ဖျော်ဖြေပွဲမှာ ဝိုင်းစုက သူမရဲ့ ပထမဆုံး တစ်ကိုယ်တော်အခွေ"မက်လောက်စရာ"ကနေ နောက်ဆုံးထွက်ရှိထားတဲ့ မယ်သီတာအခွေအထိ ပရိသတ်အားပေးမှု ရရှိထားတဲ့ သီချင်းများဖျော်ဖြေခဲ့ပါတယ်။

play

 

စုံတွဲဖျော်ဖြေမှုတွေအနေနဲ့ အောင်လ၊ နိုင်းဝမ်း ၊ X -Box တို့နဲ့ သီချင်းတစ်ပုဒ်စီ ဖျော်ဖြေခဲ့ပြီး ဖျော်ဖြေပွဲအစီအစဉ်တစ်ခုနဲ့ တစ်ခုအကြားမှာ ပရိသတ်တွေအတွက် ကံစမ်းမဲအစီအစဉ်များပြုလုပ်ပြီး ခရစ္စမတ်လက်ဆောင်များလည်း ပေးခဲ့ပါတယ်။

သူမရဲ့ ဖျော်ဖြေပွဲကို ရန်ကုန်မှာ ပြုလုပ်ပြီးနောက်ပိုင်း မန္တလေးမြို့မှာ ဇန်နဝါရီ (၂၆)ရက်တွင် Golden City Event Park မှာ ပြုလုပ်မယ်လို့ သိရပါတယ်။

Source & Photo : 7day Daily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video