Local Celebrity: Fan တွေအတွက် ဖွေးဖွေးရဲ့ လက်ဆောင်

ပရိသတ် (၄၅)ယောက်အတွက် ကျောပိုးအိတ်လေးတွေကို လက်ဆောင်ပေးတယ်လို့ သိရပါတယ်။

play

 

ဖွေးဖွေးရဲ့ ပွဲတိုင်းမှာ အစစအရာရာ ကူညီပေးခဲ့တဲ့ သူမရဲ့ fans တွေအတွက် ကျောပိုးအိတ်လေး (၄၅)လုံး လက်ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။ "Phway Sein Is Our Idol"အဖွဲ့ဝင်တွေ အတွက်  "syko" ဆိုတဲ့ ကျောပိုးအိတ်လေးတွေကို ပေးခဲ့တာပါ။

play

 

ရောင်းရန်မဟုတ်ဘူးလို့လည်း သူမရဲ့ ဖေ့စ်ဘွတ်မှာ ရေးထားပါတယ်။ ကျောပိုးအိတ်လေးမှာ အနက်ရောင်လေး ဖြစ်ပြီးတော့ သူမရဲ့ ဓာတ်ပုံလေးကို ရိုက်နှိပ်ထားပါတယ်။

play

 

သူမပေးတဲ့ လက်ဆောင်ကို ပရိသတ်တွေ ကြိုက်နှစ်သက်တဲ့ အတွက်လည်း ဝမ်းသာရတယ်လို့ သူမရဲ့ ဖေ့စ်ဘွတ်မှာ ရေးထားပါတယ်။ ရှေ့ဆက်ပြီးတော့လည်း ပရိသတ်တွေအတွက် ပိုကြိုးစားနိုင်ဖို့ မျှော်လင့်တယ်လို့ သူမက ဆိုပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ