Local Celebrity: Fan တွေပေးတဲ့ ဂစ်တာနဲ့ သီချင်းဆိုပြတဲ့ ဖွေးဖွေး

ဗီဒီယိုဖိုင်လေးကို သူမရဲ့ ဖေ့စ်ဘွတ်မှာ တင်ပေးထားပါတယ်။

play

 

သြဂုတ်လ(၉)ရက်နေ့က ကျရောက်ခဲ့တဲ့ သူမရဲ့ မွေးနေ့မှာ ပရိသတ်တွေက ဂစ်တာ တစ်လုံး လက်ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။ ပရိသတ်တွေပေးတဲ့ ဂစ်တာလေးလေးနဲ့ ဖွေးဖွေးက သူမရဲ့ ပရိသတ်တွေ အတွက် သီချင်းတစ်ပုဒ်ဆိုပြခဲ့ပါတယ်။

play

 

တေးရေးမျိုးကျော့မြိုင် ရေးပေးထားပြီး ထွန်းအိန္ဒြာဗိုသီဆိုထားတဲ့ "ဘာတွေဖြစ်ဦးမလဲ"သီချင်းကို မောင်ဖြစ်သူနဲ့အတူ ဂစ်တာတီးပြီး ဆိုထားတဲ့ ဗီဒီယိုဖိုင်လေးကို လွန်ခဲ့တဲ့ ၂၁မိနစ်က သူမရဲ့ ဖေ့စ်ဘွတ်မှာ တင်လိုက်ပါတယ်။ အဲ့ဒီ ဗီဒီယိုဖိုင်လေးကို ကြည့်တဲ့ ပရိသတ်တွေကတော့ အခုဆိုရင် ကြည့်ရှုသူ ငါးထောင်ကျော်ခဲ့ပါပြီ။

play

 

ဖွေးဖွေးက သူမကို ဂစ်တာမွေးနေ့လက်ဆောင်ပေးတဲ့ ချစ်ပရိသတ်တွေကို ကျေးဇူးတင်လို့လည်း ရေးထားပါသေးတယ်။ မကြည့်ရသေးတဲ့ ပရိသတ်တွေလည်း ဖွေးဖွေးရဲ့ အကောင့်ထဲကို ဝင်ကြည့်ပြီး အားပေးလိုက်ကြပါဦးနော်။

Photo : ဖွေးဖွေးဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ