Local Celebrity: ဂီတအစည်းအရုံးနဲ့ FM တွေကို တရားစွဲမယ့် ဂျက်မြသောင်း

, updated

သူရဲ့ သီချင်းများကို ခွင့်ပြုချက် မတောင်းဘဲ အသုံးပြုမှုများနဲ့ ပတ်သက်ပြီး တရားစွဲဆိုမှာ ဖြစ်ပါတယ်။

play

 

တေးသံရှင် ဂျက်မြသောင်းက သူ့ရဲ့ သီချင်းများကို ခွင့်ပြုချက် မတောင်းဘဲ အသုံးပြုမှုများနဲ့ ပတ်သက်ပြီေးတာ့ ဂီတအစည်းအရုံးနဲ့ FM များအားလုံးကို တရားစွဲမယ်လို့ စက်တင်ဘာ(၂)ရက်နေ့က ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။

play

 

‘‘ဂီတအစည်းအရုံးက ကျွန် တော့်ရဲ့ ခွင့်ပြုချက်မပါဘဲ ကျွန် တော့်ရဲ့သီချင်းတွေကို ရောင်းပါ တယ်။ သီချင်းတွေ ရောင်းထား တဲ့ ဂီတအစည်းအရုံးဥက္ကဋ္ဌရဲ့ လက်မှတ်လည်း ကျွန်တော့်မှာရှိ တယ်။ အဲဒီအတွက် ကျွန်တော့်ရဲ့ လုပ်ပိုင်ခွင့်ဘောင်အတွင်းကနေ အကောင်းဆုံးဖြစ်အောင် တိုင်ပင် ပြီး လုပ်သွားပါမယ်’’ဟု တေးသံရှင်ဂျက်မြသောင်းက ဆိုပါတယ်။

သူရဲ့ တေးသီချင်းများကို ခွင့်ပြုချက်မပါဘဲ အသုံးပြုခဲ့တဲ့ ဂီတအစည်းအရုံး၊ FM အသံလွှင့်ရုံးများနဲ့ Ringtune အသုံးပြုတဲ့ ကုမ္ပဏီများနဲ့ သီချင်းဆိုပြိုင်ပွဲ ပြုလုပ်တဲ့ ကုမ္ပဏီများအားလုံးကို စက်တင်ဘာလအတွင်းမှာ မူပိုင်ခွင့်ဥပဒေအရ တရားစွဲဆိုမယ်လို့ သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ