Local Celebrity: Frenzo ရှိုးပွဲမှာ အဆိုတော်သစ်နဲ့ပရိသတ်တွေကို မိတ်ဆက်ပေးမယ်ဆိုတဲ့ စိုင်းစိုင်းခမ်းလှိုင်

ထူးခြားမှု တစ်ခုအနေနဲ့ အဆိုတော် သစ်တစ်ယောက်နဲ့ မိတ်ဆက်ပေးမယ်လို့ သူက ဆိုပါတယ်။

play

 

သြဂုတ်လ(၁၄)ရက်နေ့မှာ ပြုလုပ်မယ့် Frenzo Tour တွင် စိုင်းစိုင်းခမ်းလှိုင်က ပရိသတ်များကို အဆိုတော်သစ် တစ်ယောက်နဲ့ မိတ်ဆင်ပေးဖို့ ရှိတယ်လို့ ဆိုပါတယ်။ မွန်းလွဲ (၁)နာရီတွင် MCC ခန်းမမှာ ကျင်းပမယ့် အဲ့ဒီ ရှိုးပွဲလက်မှတ်များကို ရှစ်ထောင်ကျပ်နဲ့ ဝယ်ယူရရှိနိုင်ပြီလို့ သိရပါတယ်။

play

 

အဲ့ဒီဖျော်ဖြေပွဲကြီးတွင် နာမည်ကြီး အဆိုတော်များဖြစ်ကြတဲ့ စိုင်းစိုင်းခမ်းလှိုင်နဲ့အတူ Snare ၊ စိုးကြီး၊ ဘန်နီဖြိုး၊ Lil'z၊ X-Box ၊G- Fatt ၊နီနီခင်ဇော်တို့ပါဝင်မယ်လို့ သိရပါတယ်။

Frenzo Tour ဖျော်ဖြေပွဲများကို ရန်ကုန်တွင် သာမက  မန္တလေးအပါအဝင် မြို့ကြီး (၁၀)မြို့တွင် သွားရောက် ဖျော်ဖြေဖို့ ရှိတယ်လို့ သိရပါတယ်။

Source : 8days Journal

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ