play

 

Frenzo Tour နဲ့ Ve Ve တို့ ပူးပေါင်းကာ မြို့နယ်အသီးသီးတွင် ဖျော်ဖြေပွဲများ ကျင်းပပြုလုပ်သွားမယ်လို့ သိရပါတယ်။  Frenzo Tour ဖျော်ဖြေပွဲကို အောက်တိုဘာ (၂၂)ရက်နေ့မှစကာ ပြည်မြို့တွင် ကျင်းပဖို့ စီစဉ် ထားပေမဲ့ အဝေးသင်စာမေးပွဲတွေ ရှိတာကြောင့် အောက်တိုဘာ(၂၂)ရက် ဖျော်ဖြေပွဲရက်ကို နောက်ဆုတ် လိုက် တယ်လို့ သိရပါတယ်။

play

 

ဒါကြောင့် အောက်တိုဘာ(၂၂)ရက်နေ့ ပြည်မြို့မှာ ကျင်းပမယ့် Frenzo Tour ကို ဒီဇင်ဘာလထဲသို့ ရွေ့လိုက်ပြီး ကျန်တဲ့မြို့များဖြစ်တဲ့ မန္တလေးမြို့တွင် အောက်တိုဘာ (၂၉)၊ မုံရွာမြို့တွင် နိုဝင်ဘာ(၁၉) နေ့မှာ ပြုလုပ်မှာ ဖြစ်ပြီး အခြားသော မြို့နယ်အသီးသီးတို့တွင် လည်း ပြုလုပ်သွားမယ်လို့ သိရပါတယ်။ Frenzo Tour ဖျော်ဖြေပွဲမှာတော့ စိုင်းစိုင်းခမ်းလှိုင်၊ X Box ၊ G Fatt ၊ Snare တို့ ပါဝင်မယ်လို့ သိရပါတယ်။

Photo : စိုင်းစိုင်းခမ်းလှိုင် ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video