Local Celebrity: မန္တလေးမှာ ကျင်းပမယ့် Frenzo Tour ဖျော်ဖြေပွဲရက် နောက်ဆုတ်

စာမေးပွဲရက်တွေနဲ့ တိုက်နေတယ်လို့ ဆိုပါတယ်။

play

 

Frenzo Tour နဲ့ Ve Ve တို့ ပူးပေါင်းကာ မြို့နယ်အသီးသီးတွင် ဖျော်ဖြေသွားဖို့ ကြေညာထားပေမဲ့လည်း အောက်တိုဘာ(၂၂)ရက်နေ့တွင် ပြည်မြို့မှာ ကျင်းပဖို့ စီစဉ်ထားတဲ့ ဖျော်ဖြေပွဲကို အဝေးသင်စာမေးပွဲတွေ ရှိတာကြောင့် နောက်ဆုတ်လိုက်တယ်လို့ သိရပါတယ်။

play

 

ထို့အပြင်  အောက်တိုဘာ(၂၉)ရက်နေ့ မန္တလေးမှာ ကျင်းပမယ့် ဖျော်ဖြေပွဲကိုလည်း တစ်လ နောက်ဆုတ် လိုက်တယ် လို့ စိုင်းစိုင်းက သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားပါတယ်။

"ကျွန်တော်တို့အဖွဲ့ မန္တလေးမှာ မနှစ်က ဖျော်ဖြေခဲ့တာ အခုတစ်နှစ်နီးပါးရှိပါပြီ။ အကြာကြီးနေမှ တစ်ခါလုပ်တဲ့ပွဲမို့ ပရိသတ်များ အားလုံးပါဝင်ဆင်နွှဲစေချင်ပါတယ်။ အခု တချို့ပရိသတ်တွေ အဝေးသင်ဖြေမယ့်ရက်နဲ့ တည့်တည့် ကြီးဖြစ်နေလို့ Mandalay ပွဲကို နောက်တစ်လလောက် ဆုတ်လိုက်ပါတယ်။ ပိုကောင်းသွားတာက နောက်ဆုတ် လိုက်တဲ့ အတွက် ကျွန်တော်တို့ Frenzo က အဆိုတော်တွေ လူစုံတက်စုံ ပါဝင်လာမှာ ဖြစ်ပါတယ်။ See You Soon Mandalay " လို့ ဆိုပါတယ်။

play

 

 Frenzo Tour ဖျော်ဖြေပွဲမှာတော့ စိုင်းစိုင်းခမ်းလှိုင်၊ X Box ၊ G Fatt ၊ Snare တို့ ပါဝင်မယ်လို့ သိရပါတယ်။

Photo : စိုင်းစိုင်းဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ