Local Celebrity: ဝေဖန်မှုတွေနဲ့ ကြုံခဲ့ရတဲ့ မန္တလေး Frenzo Tour

ပရိသတ်အများအပြား လာရောက်အားပေးခဲ့ကြပါတယ်။

play

 

Frenzo Tour With Ve Ve ဖျော်ဖြေပွဲကို မန္တလေးမြို့မှာ (ဒီဇင်ဘာ၎)ရက်နေ့က ကျင်းပခဲ့ပါတယ်။ ပွဲတိုင်းအောင်မြင်မှု ရရှိခဲ့တဲ့  Frenzo အဖွဲ့သားတွေက မန္တလေးပရိသတ်များရဲ့ တခဲနက် အားပေးမှု များကို ရရှိခဲ့ပါတယ်။အားပေးမှုတွေ ရရှိခဲ့သလို ပရိသတ်ရဲ့ အားမလို အားမရအသံတွေနဲ့ ဝေဖန်မှုတွေကိုလည်း ပြန်လည် ကြားခဲ့ရပါတယ်။

play

play

 

စိုင်းစိုင်းရဲ့ ဖေ့စ်ဘွတ်ကောမန့်များမှာ ပရိသတ်တွေက ဝေဖန်အကြံပေးခဲ့ကြတာ ဖြစ်ပြီး စိုင်းစိုင်းကိုယ်တိုင်ကလည်း ပရိသတ်တွေရဲ့ စကားများကို သေချာလိုက်နာပြီး ပြန်လည်ဖြေကြားပေးနေတာတွေ တွေ့ရပါတယ်။

play

 

Frenzo Tour With Ve Ve ပွဲကို နိုဝင်ဘာ(၁၉)ရက်နေ့က မုံရွာမြို့မှာ ပွဲဦးထွက် ကျင်းပခဲ့တဲ့ ပွဲတစ်ပွဲဖြစ်ပြီး ပရိသတ် အားပေးမှု ရရှိခဲ့သလို ဒီဇင်ဘာ(၄)ရက်နေ့က ပြုလုပ်ခဲ့တဲ့ မန္တလေးပွဲလည်း ပရိသတ်အများအပြား လာရောက်အားပေး ခဲ့ကြပါတယ်။ ပရိသတ်တွေရဲ့ အားပေးမှုရရှိခဲ့တဲ့ Frenzo Tour ဖျော်ဖြေပွဲမှာတော့ စိုင်းစိုင်းခမ်းလှိုင်၊ X Box ၊ G Fatt ၊ Snare၊ ဘန်နီဖြိုး၊ ပိုပို၊ အမရာဘုန်း၊ မိစန္ဒီတို့ ပါဝင် သီဆို ပေးခဲ့ကြပါတယ်။

Photo : စိုင်းစိုင်းခမ်းလှိုင် ဖေ့စ်ဘွတ် ၊ Myanmar Media 7 ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ