Local Celebrity: အောက်တိုဘာလကုန်မှာ ရုံတင်ပြသမယ့် From Bangkok to Mandalay

ရက်အတိအကျကို ပြန်လည်ကြေညာသွားမယ်လို့ သိရပါတယ်။

play

 

နာမည်ကြီးသရုပ်ဆောင်များစွာ ပါဝင်ထားတဲ့ "From Bangkok to Mandalay" ရုပ်ရှင်ဇာတ်ကားကို အောက်တိုဘာလ ကုန်မှာ ရုံတင်ပြသသွားမယ်လို့ သိရပါတယ်။ ရုံတင်ပြသသွားရာမှာ (B)ရုံစနစ်နဲ့ ပြသသွားမှာ ဖြစ်ပြီး ရုံတင်မယ့် ရက်အတိအကျကို ပြန်လည်ကြေညာမယ်လို့ သိရပါတယ်။

play

 

From Bangkok to Mandalay ရုပ်ရှင်ဇာတ်ကားဟာဆိုရင် မြန်မာနိုင်ငံရဲ့ ရေမြေသဘာဝအလှကို နောက်ခံထား ရိုက်ကူးထားတဲ့ ဇာတ်ကားဖြစ်ပြီး မြန်မာ-ထိုင်း ချစ်ကြည်ရေးကို ကိုယ်စားပြုတဲ့ ရုပ်ရှင်ဇာတ်ကားလည်း ဖြစ်တယ်လို့ သိရပါတယ်။

အဲဒီရုပ်ရှင်ဇာတ်ကားကို ထိုင်းနိုင်ငံမှာလည်း ရုံတင်ပြသသွားမှာ ဖြစ်ပြီး ဥရောပနဲ့ အာဆီယံနိုင်ငံများတွင်လည်း ပြသရန် ရည်ရွယ်ထားတယ်လို့ သိရပါတယ်။

play

 

From Bangkok to Mandalay ရုပ်ရှင်ဇာတ်ကားကြီးမှာ နေတိုး၊ စိုင်းစိုင်းခမ်းလှိုင်၊ ဝတ်မှုံရွှေရည်နဲ့ ထိုင်းမင်းသမီး Pilaiporn Supinchompoo တို့က အဓိက ပါဝင်သရုပ်ဆောင်ထားကြပါတယ်။

ှSource & Photo : Sai Sai Fans Group

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ