Local Celebrity: ရုပ်ရှင်ဇာတ်ကားနဲ့ မြင်ရတော့မယ့် G-Fatt

ကိုယ့်သမိုင်းကိုယ်ရေးကြသူများ(၂)ထဲတွင် ပါဝင်ထားတယ်လို့သိရပါတယ်။

play

 

ဒါရိုက်တာဂျိုး ရိုက်ကူးထားတဲ့ "ကိုယ့်သမိုင်းကိုယ်ရေးကြသူများ(၂)" ပလက်ဖောင်းယဉ်ကျေးမှု ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားထဲမှာ G-fatt  ပါဝင် သရုပ်ဆောင်ထားတယ်လို့ သိရပါတယ်။ အဲ့ဒီ ရုပ်ရှင်ဇာတ်ကားထဲတွင်  G-fatt  က မြတ်သူဆိုတဲ့ ဇာတ်ကောင် နေရာကနေ ပါဝင်ထားသလို မြတ်သူရဲ့ ချစ်သူကောင်မလေးကလည်း  G-fatt ရဲ့ အပြင်က ချစ်သူကို ထည့်သွင်းရိုက်ကူးထားတယ်လို့ သိရပါတယ်။

play

 

"ဇာတ်ကားနာမည်က ကိုယ့်သမိုင်းကိုယ်ရေးကြသူများဆိုတဲ့ အတိုင်းပဲ ကိုယ့်သမိုင်းကိုရေးဖို့ကြိုးစားနေသူ ရှေ့က ညီအစ်ကိုတွေလိုပဲ ဘ၀ကိုခက်ခဲစွာ ရိုက်ခတ်မှုအတားအဆီးတွေနဲ့ဖြတ်သန်းပီး မျှော်မှန်းထားတဲ့ပန်းတိုင်ကိုသွားချင်သူ ဘ၀ရဲ့တချို့အစိတ်အပိုင်းတွေ နီးပါးကို ဒီကားထဲမှာပုံဖော်ဖြစ်တယ်"လို့ ဒါရိုက်တာ ဂျိုးက ပြောပြထားပါတယ်။

play

 

ဒီဇာတ်ကားကြီးထဲမှာ ယုန်လေး၊ ရသ၊ ကြက်ဖ၊ G-fatt၊ ice cold တို့အပြင် အခြားသော သရုပ်ဆောင်များလည်း ပါဝင်တယ်လို့သိရပါတယ်။

Photo  :  G-fatt ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ