Local Celebrity: ဒုတိယစီးရီးအတွက် ပြင်ဆင်နေတဲ့ G Fatt

အွန်လိုင်းကနေလည်း သီချင်းဖြန့်ဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

play

 

လူငယ်ပရိသတ်တွေရဲ့ အားပေးမှု ရရှိထားတဲ့ G Fatt က ဒုတိယစီးရီးခွေအတွက် ပြင်ဆင်နေတယ်လို့ သိရပါတယ်။ ဖျော်ဖြေပွဲတွေ တောက်လျှောက် သွားနေရသလို ဒုတိယစီးရီးခွေအတွက်ကိုလည်း အကောင်းဆုံး ဖြစ်အောင် သီချင်းတွေ စတင်ပြင်ဆင်နေတယ်လို့ သိရပါတယ်။

play

 

ထို့အပြင်လည်း "ဒီနေ့" သီချင်းကို ဖြစ်ဖြစ် " ဂျင်" စီးရီးခွေထဲက သီချင်းပဲ ဖြစ်ဖြစ် Music Video ရိုက်ကူးပြီး အွန်လိုင်းမှာ ဖြန့်ပေးဖို့ စီစဉ်ထားတယ်လို့လည်း Myanmar Celebrity မှာ ဖြေဆိုပေးထားပါတယ်။

play

 

အသံမကောင်းဘူးလို့ ပရိသတ်အချို့ရဲ့ ဝေဖန်မှုတွေရှိနေပေမယ့်လည်း မွေးရာပါ အသံဖြစ်တာကြောင့် သီချင်း တွေ အများကြီး ဆိုသွားချင်တယ်လို့ သူက ဆိုပါတယ်။ ဝေဖန်တဲ့ပရိသတ်တွေကိုလည်း ကျေးဇူးအများကြီး တင်ပါတယ်လို့ ပြောပြထားပါသေးတယ်။

Source : Myanmar Celebrity

Photo  : G Fatt ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ