Local Celebrity: မွေးနေ့မှာ ပရိသတ်တွေနဲ့ ဆုံချင်တဲ့ G Fatt

ဒီဇင်ဘာ ၃၁ရက်နေ့က G Fatt ရဲ့ မွေးနေ့ ဖြစ်ပါတယ်။

play

 

လာမယ့် ဒီဇင်ဘာ (၃၁)ရက်နေ့ကတော့ လူငယ်အဆိုရှင် G Fatt ရဲ့ မွေးနေ့ဖြစ်ပါတယ်။ အသက်(၂၄)နှစ်ပြည့် မွေးနေ့မှာ G Fatt က သူ့ရဲ့ ပရိသတ်တွေနဲ့ တွေ့ဆုံသွားဖို့ စီစဉ်နေတယ်လို့ ဆိုပါတယ်။ မွေးနေ့မှာ ပရိသတ်တွေနဲ့မနက်ပိုင်းလေး တွေ့ဖို့ကို စီစဉ်ထားသလို မွေးနေ့မှာ သီချင်းဖြန့်ဖို့ကိုလည်း စီစဉ်နေတယ်လို့ သူက ဆိုပါတယ်။

play

 

သီချင်းတွေရေးထားတာ အများကြီးရှိသလို အခွေအတွက် ပြင်ဆင်နေတဲ့ G Fatt က ဒုတိယစီးရီးခွေအတွက်လည်း ပြင်ဆင်နေတယ်လို့ သိရပါတယ်။ ဒုတိယစီးရီးနာမည်ကို "120B" လို့ယာယီပေးထားပြီ "120B" ကိုလည်း ယခုလို ရှင်းပြထာပါတယ်။

play

 

''120B''ဆိုတာ ကျွန်တော်တို့ မိသားစုလေး ရောင်းလိုက်ရတဲ့  အိမ်နံပါတ်ပါ။ဒီအိမ်လေးကို ကျွန်တော်အမြဲတမ်းပြန် လိုချင်ပါတယ်။ ကျွန်တော် ငယ်ငယ်က ရေချိုးနေကျနေရာလေးတွေ၊ဆော့နေကျ အိမ်ခေါင်းရင်းလေးရယ်၊နောက် မာလကာပင်လေးကို အရမ်းသတိရပါတယ်။ ကျွန်တော်က အရမ်းလည်း အစွဲအလမ်းကြီးပါတယ်။ ဒုတိယအခွေ နာမည်ကို '' 120B'' ပေးထားတာ ဖြစ်ပါတယ်" လို့ သူက ဆိုပါတယ်။

Photo : G Fatt ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ