AD
AD
AD
play

 

မြစ်ကြီးနားမှာ မိုးရွာတာနဲ့ ကြုံနေတဲ့ G Fatt က ပရိသတ်တွေအတွက် မိုးတွင်းမှာ ဖီးလ်လို့ရမယ့် သီချင်းလေးတစ်ပုဒ် ဖန်တီးနေကြောင်းကို Live လွှင့်ပြီး ပြောပြခဲ့ပါတယ်။ Live က လွန်ခဲ့တဲ့ မိနစ်ပိုင်းလောက်က လွှင့်ခဲ့တာဖြစ်ပါတယ်။

အဲ့ဒီ Live ထဲမှာ သူမြစ်ကြီးနားကို ရောက်နေကြောင်း သူရောက်နေတဲ့ အချိန်မှာ မိုးအသည်းအသန်ရွာတာနဲ့ ကြုံခဲ့ပြီး ပရိသတ်တွေအတွက် မိုးတွင်းမှာ  နားထောင်လို့ရမယ့် အချစ်သီချင်းတစ်ပုဒ်ကို ဖန်တီးလိုက်တယ်ဆိုပြီး ပြောထားပါတယ်။

Postby

 

အဲ့ဒီသီချင်းလေးကို မိုးတွင်းမတိုင်ခင် မြူးဇစ်ဗီဒီယိုလေး ရိုက်ပြီး ထုတ်ပေးလို့ရအောင် ကြိုးစားမယ်လို့ ပြောပြခဲ့ပါ သေးတယ်။သူရေးထားတဲ့ သီချင်းအကြောင်းအရာနဲ့ ပတ်သက်ပြီးတော့ ယခုလိုပြောပြခဲ့ပါသေးတယ်။

"ကျွန်တော်ကိုယ်တိုင်က မိုးရာသီကို ချစ်တယ်။ ဒါပေမယ့် သီချင်းထဲမှာ ဆိုက်ကိုဝင်ပြီးတော့ မိုးရာသီကို မုန်းနေတဲ့ ကောင်လိုခံစားပြီး ရေးထားတာပါ။ မိုးရာသီမှာ ကောင်မလေးက သူ့ကို ထားခဲ့တာပေါ့။အဲ့ဒါကြောင့်သူကိုယ်တိုင်ကလည်း မိုးရာသီကို မုန်းတယ့်ပုံစံမျိုးကို ရေးသားထားပါ။ထွက်လာရင် အားပေးကြပါဦး" ဆိုပြီး Live ထဲမှာ ပြောသွားပါတယ်။

play

G Fatt က လက်ရှိမှာ ဖျော်ဖြေရေးပွဲတွေ ဆက်တိုက်ဆိုသလို သွားဖြစ်နေတာကို တွေ့ရပါတယ်။

G Fattဟာ ဂီတလောကထဲမှာ လူငယ်ကောင်မလေးတွေရဲ့ အားပေးမှု အခိုင်အမာရရှိထားသူ တစ်ဦးဖြစ်ပါတယ်။ လက်ရှိမှာ ရှိုးပွဲတွေ ဆက်တိုက်ဆိုဖြစ်နေတဲ့ G Fatt ကသီချင်းသစ်တွေအတွက်လည်း ပြင်ဆင်နေတယ်လို့ သိရပါတယ်။ မကြာခင် လပိုင်းက ထွက်ရှိထားတဲ့ 120B သီချင်းခွေဟာလည်း ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိထားတဲ့ သီချင်းခွေဖြစ်ပါတယ်။ 

Photo : G Fatt FB

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD