AD
AD
AD
play

 

ပရိသတ်အားပေးမှု ရရှိခဲ့တဲ့ Original Gangster ကို အဆင့်ဆင့်ပုံဖော်ခဲ့တာဆိုရင် အခုဆို Original Gangster 3 ထိ ရောက်ခဲ့ပါပြီ။ ဒါပေမယ့်လည်း ဆင်ဆာလူကြီးများရဲ့ ဆုံးဖြတ်ချက်ကြောင့် Original Gangster 3 ဟာဆိုရင် အားလုံးကို နှုတ်ဆက်ရတော့မယ့် အချိန်ရောက်ပြီလို့ ယုန်လေးက စိတ်မကောင်းစွာနဲ့ သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ပြောထားပါတယ်။

play

 

သူ့အနေနဲ့ ဒီဇာတ်ကားကို ရုံတင်ဖို့ ကြိုးစားခဲ့ပေမယ့်လည်း ရုံတင်ပြသနိုင်တော့မှာ  မဟုတ်ဘူးလို့ ဆိုပါတယ်။ ယင်းဇာတ်ကားကို ဆင်ဆာလူကြီးများက အများပြည်သူပြသရန်မသင့်ဆိုတဲ့ အချက်နဲ့ ဆင်ဆာချမပေးခဲ့တာလို့ သူက ပြောပါတယ်။

Original Gangster 3 ထဲမှာ Miss တွေကို ပြန်ပေးဆွဲတဲ့ ဇာတ်ဝင်ခန်းပါဝင်တာကြောင့် ဒီလိုကိစ္စမျိုးဟာ အပြင်မှာလည်း မဖြစ်ဖူးတာကြောင့် အများပြည်သူ အတုယူမှားစေမယ့် ဇာတ်ဝင်ခန်းဖြစ်တာကြောင့် ဆင်ဆာမပေးခြင်းဖြစ်တယ်ဆိုပြီး ယုန်လေးရဲ့ ဗီဒီယိုထဲမှာ ပြောထားပါတယ်။

Postby

 

"ဆင်ဆာကိုမရှိသင့်ဘူးလို့ ပြောတဲ့ထဲမှာ ကျွန်တော်မပါပါဘူး။ဒါပေမဲ့ အနုပညာရှင်တွေရဲ့ စိတ်ဓာတ်တွေကို သတ်ဖြတ်ဖို့ ဆင်ဆာအဖွဲ့တွေ မလုပ်ပါနဲ့။ တစ်ခုခုဖန်တီးတော့မယ်ဆိုရင် ဒါတော့ ဆင်ဆာပေးမှာမဟုတ်ဘူး။ဒါတော့မဖြစ်နိုင်ဘူးအဲ့လိုမျိုးနဲ့တော့ ကျွန်တော့်စိတ်ဓာတ်တွေ အသတ်မခံနိုင်ဘူး။ ဆင်ဆာရှိပါ။ အနုပညာမြောက်မယ့်ဟာမျိုးတွေကို အနုပညာအရလည်း ထည့်တွက်ပေးဖို့ ပြောချင်ပါတယ်။ လျော့ပေါ့ပေးဖို့ ကိုလည်းတောင်း ဆိုပါတယ်။" ဆိုပြီး ဆင်ဆာလူကြီးတွေကို ပြောထားပါသေးတယ်။

play

 

၂၀၁၈ခုနှစ်ထဲမှာ ယုန်လေးရဲ့ ရုပ်ရှင်ဇာတ်ကားတွေ ဖြစ်တဲ့ "လူလိမ္မာနိုင်ငံမှာဆရာကျတဲ့သူ" ရုပ်ရှင်နဲ့ "လူကြမ်းတစ်ယောက်ရဲ့ ဒိုင်ယာရီ' စတဲ့  ရုပ်ရှင်ဇာတ်ကားနှစ်ကားသာ ရုံတင်ဖို့အတွက် ရှိတော့တယ်လို့ သိရပါတယ်။

ယုန်လေးကတော့ ကိုယ့်သမိုင်းကိုယ်ရေးကြသူများ ၁ ၊ Original Gangster 1 စတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေကနေ သရုပ်ဆောင်ဘက်ကို စတင်ဆောင်ရွက်လာတာပဲ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားကြီးတွေကနေတဆင့် ပရိသတ်အားပေးမှုလည်း ပိုမိုရရှိလာတာဖြစ်ပါတယ်။

 

Photo : ယုန်လေး

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD