Local Celebrity: Girls Generation အဖွဲ့ဝင် ဂျက်ဆီကာနဲ့ မြန်မာအနုပညာရှင်များစွာ ပါဝင်မယ့် Music Video

Myanmar Media 7 က ထုတ်လုပ်ရိုက်ကူးမှာ ဖြစ်ပါတယ်။

play

 

ကိုရီးယားနိုင်ငံရဲ့ နာမည်ကြီး အဆိုတော်  Girls Generation အဖွဲ့ဝင် ဂျက်ဆီကာနဲ့အတူ မြန်မာနိုင်ငံမှ အနုပညာရှင် များစွာ ပါဝင်မယ့် Music Video တစ်ခုကို ပုံဖော်ရိုက်ကူးသွားမယ်လို့ သိရပါတယ်။ Myanmar Media 7 ကုမ္ပဏီရဲ့  (၃)နှစ်ပြည့် အမှတ်တရအနေနဲ့ ရိုက်ကူးမယ့် Musci Video ကို မကြာခင် ပုံဖော် ရိုက်ကူးသွားမယ်လို့ သိရပါတယ်။

play

 

ဂျက်ဆီကာနဲ့အတူ မြန်မာအနုပညာရှင်များစွာ ပါဝင်မယ့် Music Video ကို ဒါရိုက်တာ အောင်မြတ်က ပုံဖော်ရိုက်ကူး သွားမှာ ဖြစ်ပြီး ၂၀၁၇ ဇန်နဝါရီလမှာ ပရိသတ်တွေ စောင့်မျှော်အားပေးကြဖို့ Myanmar Media 7 ရဲ့ ဖေ့စ်ဘွတ်စာ မျက်နှာမှာ ပြောပြထားပါတယ်။

Source & Photo : Myanmar Media 7 ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ