အဆိုတော် စိုးပြည့်ပြည့်စံကတော့ သူမရဲ့ Gym ဆော့နေတဲ့ ဓာတ်ပုံများကို သူမရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ စက်တင်ဘာ (၁)ရက်နေ့က တင်ခဲ့ပါတယ်။
gym ပြန်ဆော့ဖြစ်နေတဲ့ သူမက ပရိသတ်တွေကိုလည်း gym ဆော့ဖို့ တိုက်တွန်းထားပါသေးတယ်။
"အပျိုပဲ ဖြစ်ဖြစ် အိမ်ထောင်သည်ပဲ ဖြစ်ဖြစ် အမြဲလှပ Smart ဖြစ်နေဖို့တော့လိုမယ်ရှင့်။ အပျင်းမကြီးပါနဲ့" လို့ သူမရဲ့ဖေ့စ်ဘွတ်မှာ ရေးသားထားပါတယ်။
မကြာခင်ထွက်ရှိမယ့် သီချင်းခွေအတွက် MTVရိုက်ကူးမှုတွေ လုပ်ဖို့ အတွက် Gym ဆော့နေတယ်လို့ သူမ Live ထုတ်လွှင့်တုန်းက ပရိသတ်တွေကို ပြောပြခဲ့ပါတယ်။
Photo : စိုးပြည့်ပြည့်စံ ဖေ့စ်ဘွတ်