AD
AD
AD
play

 

မုဒြာရဲ့ခေါ်သံ ရုပ်ရှင်ဇာတ်ကားကြီးအတွက် နောက်ထပ်အောင်မြင်မှုတစ်ခုလို့ပဲ ပြောရတော့မှာပါ။ အမေရိကန်နိုင် Indiana ပြည်နယ် Fort Wayne မြို့နယ်မှာ ကျင်းပသွားမယ့် Hobnobben Film Festival မှာ မုဒြာရဲ့ခေါ်သံ ရုပ်ရှင်ဇာတ်ကားကြီး ဝင်ရောက်ပြသခွင့်ရဖို့အတွက် ရွေးချယ်ခြင်း ခံရတယ်လို့ သိရပါတယ်။

ဇွန်လ(၇) ရက်နေ့ကနေ (၁၀) ရက်နေ့အထိ ကျင်းပပြုလုပ်သွားမယ့် ယင်းရုပ်ရှင်ပွဲတော်မှာ မုဒြာရဲ့ ခေါ်သံ ရုပ်ရှင်ဇာတ်ကားကြီးကို ဝင်ရောက်ပြသမှာ ဖြစ်တယ်လို့ မုဒြာရဲ့ခေါ်သံ ဖေ့စ်ဘွတ်ပေ့ခ်ျမှာ တရားဝင်ကြေညာထားတာ တွေ့ရပါတယ်။

play

 

မုဒြာရဲ့ခေါ်သံ ရုပ်ရှင်ဇာတ်ကားကြီးဟာ မြန်မာနိုင်ငံမှာ မပြသခင်အချိန်ကတည်းက နိုင်ငံတကာမှာ ဆုများဆွတ်ခူးနိုင်ခဲ့တဲ့ ဇာတ်ကားကြီးလည်း ဖြစ်ပါတယ်။

ဒါရိုက်တာ ခရစ္စတီးနားခီက ရိုက်ကူးထားပြီး ဇဏ်ခီနဲ့ လှယဉ်ကျေးတို့ကအဓိက ပါဝင်သရုပ်ဆောင်ထားတဲ့ ယင်းရုပ်ရှင်ဇာတ်ကားကြီးဟာ မြန်မာယဉ်ကျေးမှု မြန်မာနိုင်ငံရဲ့ အလှအပများကို သူများနဲ့မတူ တမူထူးခြားအောင် ရိုက်ကူးပုံဖော်ထားတဲ့ ဇာတ်ကားတစ်ကားလည်း ဖြစ်ပါတယ်။

play

ယင်းရုပ်ရှင်ဇာတ်ကားကြီးဟာ Mexico International Film Festival မှာ Silver Palm Award ဆုကို ရရှိခဲ့သလို Kashmir International Film Festival မှာ Best Feature Filmဆု၊  Isenma Festival (Indonesia) မှာPlatinum Award ဆု၊ Canadian Diversity International Film Festival မှာ 2017 ‘Official Selection ဆု နဲ့ Malaysia Sabah State (Kota Kinabalu International Film Festival) မှာ ပြဖို့ ရွေးခံရသလို၊ Cay Film Cayman International Film Festival  နဲ့ Phnom Penh (Cambodia) International Film Festival  တို့မှာ ပြသဖို့ ဖိတ်ကြားခံရသလို Scalarama International Film Festival  Scotland (UK), Edinberge မြို့ မှာရှိတဲ့ City Art Centre ရုပ်ရှင်ရုံကြီးမှာပြသဖို့ ဖိတ်ကြားခံခဲ့ရတဲ့ ရုပ်ရှင်ဇာတ်ကားကြီးလည်း ဖြစ်ပါတယ်။

play

 

မုဒြာရဲ့ခေါ်သံလိုမျိုးပဲ အောင်မြင်တဲ့ နောက်ထပ် ဇာတ်ကားတစ်ကားကတော့ ဒါရိုက်တာ ခရစ္စတီးနားခီပဲ ရိုက်ကူးပုံဖော်ထားတဲ့ ဥပါယ်တံမျဉ် ရုပ်ရှင်ဇာတ်ကားကြိးပဲ ဖြစ်ပါတယ်။

ယင်းဇာတ်ကားကြီးဟာဆိုရင် မြန်မာနိုင်ငံမှာ (၈)ပတ်မြောက်အထိ ရုံပေါ်က မချရအောင် ပရိသတ်အားပေးမှု အခိုင်အမာရရှိခဲ့တဲ့ ဇာတ်ကားဖြစ်ပါတယ်။

 

Photo : မုဒြာရဲ့ ခေါ်သံ

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD