play

စန္ဒီမြင့်လွင်ရှဲ့Queen Album MTV ကတော့ မကြာခင် ပရိသတ်တွေလက်ထဲ ရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။ အခွေမထွက်ခင်မှာ စန္ဒီမြင့်လွင်က ပရိသတ်တွေအတွက်  Hollywood Music Video ကို အွန်လိုင်းပေါ်မှာ အရင်တင် ပေးလိုက်ပါတယ်။ အဲ့ဒီသီချင်းကို ဒါရိုက်တာ အာကာက ရိုက်ကူးပေးထားပြီး အေးမြတ်သူ၊ သင်ဇာဝင့်ကျော်၊ စန္ဒီမြင့်လွင် တို့က ပါဝင်သရုပ်ဆောင်ထားကြပါတယ်။

သူမရဲ့ Queen Alum MTV ကိုတော့ ဇန်နဝါရီ (၇)ရက်နေ့မှာ ထွက်ရှိမှာ ဖြစ်တယ်လို့ သူမက ဖေ့စ်ဘွတ်မှာ ရေးထားပါတယ်။ MTV ထဲမှာလည်း ပရိသတ်တွေအတွက် ခွန်အားဖြစ်စေမယ့် သီချင်းတစ်ပုဒ်ကို Bonus အနေနဲ့ ထည့်ပေးထားမယ်လို့ ဆိုပါတယ်။

play

 

အခွေပရိုမိုးရှင်းအနေနဲ့ junction square outdoor areaမှာ ညနေ(၅)နာရီဆုံဖို့ကိုလည်း ပရိသတ်တွေကို ပြောထားပါတယ်။

Photo : စန္ဒီမြင့်လွင် ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video