Local Celebrity: တာချီလိတ်က ဖျော်ဖြေပွဲ အမှန်မဟုတ်ဟု IC အဖွဲ့သားများဆို

အိုင်စီလက်မှတ်တွေ ရောင်းချနေတာနဲ့ ပတ်သက်လို့ ဖြေရှင်းပေးထားတာ ဖြစ်ပါတယ်။

play

 

သြဂုတ်လ(၂၅) ရက်နေ့တွင် တာချီလိတ်မြို့  1G1-7 ဟိုတယ်မှာ အိုင်ရင်းခရော့စ်ဖျော်ဖြေပွဲရှိတယ်ဆိုပြီး ပွဲလက်မှတ်များကို ရောင်းချနေတာနဲ့ ပတ်သက်လို့ အိုင်စီအဖွဲ့များက ပြောပြထားတာ ဖြစ်ပါတယ်။

play

 

အမှန်တကယ် အိုင်းရင်းခရော့ခ်ဖျော်ဖြေပွဲက တာချီလိတ်မှာ  လုပ်ဖို့ အစီအစဉ်မရှိသေးသလို ပရိသတ်များ အလိမ်ခံရမည်စိုးတာကြောင့် မျိုးကြီးကလည်း သူ့ရဲ့ ဖေ့စ်ဘွတ်ပေါ်တွင် ယခုလိုရေးသားထားပါတယ်။

"တာချီလိတ်မြို့မှ IC ပရိသတ် များ သိစေရန် တာချီလိတ် 1G1 7 Hotel မှာ IC Show ရှိတယ်ဆို ပြီး လက်မှတ်တွေရောင်းနေပါ တယ်။ IC Band ကို ငှားရမ်းခြင်း၊ အကြောင်းကြားခြင်း၊ အသိပေး ခြင်း လုံးဝ လုံးဝမရှိပါဘူး။ အလိမ်ခံရမှာစိုးလို့ပါ"လို့ ဆိုပါတယ်။

play

 

ပွဲကျင်းပမယ့် ဟိုတယ်ဘက်ကကြားခံဆက်သွယ်ပေးသူရဲ့ လွဲမှားမှုကြောင့် နားလည်မှု လွဲခဲ့ရတာဖြစ်ပြီး အိုင်းရင်းခရော့စ်အဖွဲ့ကိုလည်း တောင်းပန်ခဲ့တယ်လို့သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ