Local Celebrity: Iron Cross Band မှာ Player အနေနဲ့ ပါဝင်ချင်တဲ့ ချစ်စမ်းမောင်ရဲ့ သမီး ငဲငယ်လေး

ဆုတောင်းတိုင်းသာ ပြည့်ခဲ့မယ်ဆိုရင်တဲ့။

ဂစ်တာပညာရှင် ချစ်စမ်းမောင်ရဲ့ မျိုးဆက်သစ်ဖြစ်တဲ့ ငဲငယ်လေးကတော့ ဖခင်နဲ့အတူ  Iron Cross Band မှာ  Playerအနေနဲ့ ပါဝင်ချင်ပါတယ်တဲ့။

play

 

အဲ့ဒါကတော့ သူမရဲ့ ဆုတောင်းမှု တစ်ခုပါ။ အခုလောလောဆယ်မှာတော့ သူမရဲ့ တစ်ကိုယ်တော်အခွေကို ပရိသတ်တွေ လက်ထဲ အရောက်ပို့ပေးနိုင်တော့မယ်လို့လည်း သိရပါတယ်။

ချစ်စမ်းမောင်ရဲ့ သမီးဖြစ်သူ ငဲငယ်လေးကတော့ မေလ(၁၈)ရက်နေ့မှာ  သူမရဲ့ တစ်ကိုယ်တော်အခွေ ထွက်တော့မှာပါ။ အဲ့ဒီအခွေကိုတော့  အိပ်မက် နဲ့ စိတ်ဓာတ်လို့ နာမည်ပေးထားပါတယ်။

play

 

အဲ့ဒီသီချင်းခွေကိုတော့  The Sun Music Production က စတင်ဖြန့်ချီသွားမှာဖြစ်ပြီး Promotion ပွဲကို မကျင်းပတော့ဘူးလို့  တေးသံရှင် ငဲငယ်လေးက ဆိုပါတယ်။ 

အိပ်မက်နဲ့ စိတ်ဓာတ် ခေါင်းစဉ်နဲ့ပတ်သက်ပြီး  "အကျိုးပြုသီချင်းလည်းဖြစ်တယ်၊ လူတွေကို ခွန် အားပေးတဲ့ သီချင်းလေးဖြစ်တာကြောင့် ရွေးချယ်ဖြစ်တာပါလို့ ဆိုပါတယ်။တေးသံရှင်ငယ်လေးရဲ့ တေးစီးရီးအခွေထဲမှာ တေးရေးရယ်ဂျီ ရေးစပ်ပေးထားတဲ့ သီချင်းလေးဖြစ်တဲ့ အလွမ်းမြို့သူလေး သီချင်းနဲ့ တို့နှစ်ယောက်ကမ္ဘာ သီချင်း လေးတွေကို အားရပါတယ်လို့ "တေးသံရှင် ငဲငယ်လေးက Duwun Media ကိုဖြေဆိုထားပါတယ်။

play

 

သီချင်းပေါင်း ၁၃ ပုဒ်ပါဝင်ပြီး တေးရေးဆရာ ညီညီသွင်၊ရွှေဂျော်ဂျော်၊ မောင်မောင် ဇော်လတ်၊ ကိုအောင်၊ လင်းလင်း၊သွန်းပူ၊ရယ်ဂျီ၊L ဖိုး၊ဟန်သစ်ထူးမိုး၊လုဆိုင် နှင့် ငဲငယ်လေး တို့က ရေးစပ်ပေးထားတယ်လို့ ဆိုပါတယ်။  သီချင်းအမျိုးအစားတွေကတော့ Rock၊ Pop ၊Pop&Rock  ဂီတအမျိုးအစားတွေပါဝင်တယ်လို့ ဆိုပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ