AD
AD
AD

အဆိုတော်အစ္စဏီကို ၎င်းရဲ့ ရည်စားဟောင်း မော်ဒယ်အမျိုးသမီးအား အဓ္ဓမပြုကျင့်မှုဖြင့် ဖမ်ဆီးထားပြီး အမှုဖွင့်စစ်ဆေးနေကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ယနေ့ (ဧပြီ ၁၃ ရက်) သတင်းထုတ်ပြန်ပါတယ်။

play


ဟန်ထွန်းဇော် (ခ) အစ္စဏီက ဧပြီ ၁၁ ရက် ည ၁၁ နာရီမှာ ၎င်းရဲ့ရည်းစားဟောင်း မော်ဒယ်အမျိုးသမီးနဲ့ သူငယ်ချင်းများရှိနေတဲ့ ဆယ်လီအရက်ဘားဆိုင်ကို ရောက်ရှိလာပြီး ပြဿနာရှာခဲ့တာကြောင့် မော်ဒယ်အမျိုးသမီးက သူမ ငှားရမ်းနေထိုင်ရာ တိုက်ခန်းသို့ တက္ကစီငှားပြီး ပြန်လာခဲ့ရာ အစ္စဏီကလည်း လိုက်ပါလာခဲ့တယ်လို့ ဆိုပါတယ်။

play


တိုက်ခန်းသို့ရောက်ချိန်မျာ အစ္စဏီက မော်ဒယ်အမျိုးသမီးရဲ့ အင်္ကျီကို အတွင်းဆွဲချိတ်ရာက ရုန်းကန်ခဲ့စဉ် ဦးခေါင်းနဲ့ မှန်ဗီဒိုတိုက်မိခဲ့ကြောင်း သိရပါတယ်။ ဒါ့အပြင် အစ္စဏီက ယာလက်ညှိုး၊ လက်ခလယ်နဲ့ လက်သူကြွယ် လက်သည်းခွံများကို လှန်ချိုးသဖြင့် နာကျင်ပြီး သတိမေ့နေစဉ် သားမယားအဖြစ် နှစ်ကြိမ်ပြုကျင့်ခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ထို့နောက် သတိပြန်ရလာပြီး ပတ်ဝန်းကျင်ကို အကူအညီတောင်းရန် ကြိုးပမ်းခဲ့ရာ အစ္စဏီက မော်ဒယ်အမျိုးသမီးရဲ့ ခြေထောက်ကို ဗီဒိုမှန်ကွဲစဖြင့် ခြစ်ခဲ့ရာ ပြတ်ရှဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

play


မော်ဒယ်အမျိုးသမီးက အိမ်သာအသုံးပြုမည်ဟု အကြောင်းပြပြီး အိမ်သာတံခါးကို လော့ချပြီးနောက် သူငယ်ချင်းဖြစ်သူထံ ဖုန်းဆက်အကူအညီတောင်းခဲ့ရာ ညနေ ၅ နာရီခွဲမှာ သူငယ်ချင်းဖြစ်သူနဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖွဲ့များ ရောက်ရှိလာပြီးနောက် သူမကို ကယ်တင်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ပြည်ထဲရေးဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက်မှာ အဓ္ဓမပြုကျင့်ခံတဲ့ မော်ဒယ်အမျိုးသမီးရဲ့ အမည်ကို ဖော်ပြထားခဲ့ခြင်း မရှိပေမဲ့ မော်ဒယ် စူးရှထက်လို့ သိရပါတယ်။

Postby


ထိုဖြစ်စဉ်ဖြစ်ပြီး နောက်တစ်ရက် ဧပြီ ၁၂ ရက်မှာ မော်ဒယ်အမျိုးသမီးက တိုင်တန်းခဲ့ရာ ဟန်ထွန်းဇော် (ခ) အစ္စဏီအား တာမွေမြို့မရဲစခန်းက ဖမ်းဆီးခဲ့ပါတယ်။ လက်ရှိမှာ အဆိုတော်အစ္စဏီအား တာမွေမြို့မရဲစခန်းမှ (ပ)၃၆၂/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၇၆/ ၃၂၅/၃၂၄ (မုဒိမ်းမှု/တုံးသော လက်နက်ဖြင့် ပြင်းထန်နာကျင်စေမှု/ ချွန်သောလက်နက်ဖြင့် သာမန်နာကျင်စေမှု) တို့ဖြင့် အမှုဖွင့် စစ်ဆေးနေကြောင်း သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD