Local Celebrity: အောင်ထက်၊ သားဂန်း၊ Jenevy တို့ရဲ့ သီချင်းခွေ

စက်တင်ဘာ(၁၀)ရက်နေ့မှာ ဖြန့်ချိမယ်လို့ သိရပါတယ်။

play

 

အိမ်မက်ဆုံရာ (ရာသက်ပန်)မှ တေးသံရှင် အောင်ထက်၊ သားဂန်းနဲ့ Jenevy တို့ရဲ့ "မျက်ရည်နဲပွင့်သောပန်း" သီချင်းခွေကို စက်တင်ဘာလ(၁၀)ရက်နေ့တွင် Forever BEC- Tero မှ စီစဉ်ထုတ်လုပ်ရိုက်ကူးပေးပြီး Bo Bo Music Entertainment မှ ထုတ်လုပ်ဖြန့််ချိသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

play

အဲ့ဒီတေးသီချင်းခွေမှာ စုစုပေါင်း တေးသီချင်း(၁၃)ပုဒ်ပါဝင်ပြီး အောင်ထင်မှ (၆)ပုဒ်၊ သားဂန်းမှ(၃)ပုဒ်နဲ့ Jenevy တို့မှ (၃)ပုဒ်ဆီပါဝင်သီဆိုထားကာ Duet Song အနေနဲ့ အောင်ထက်နဲ့ Jenevy တို့မှ (၁)ပုဒ်သီဆိုထားပါတယ်။

play

 

သီချင်းခွေ ပရိုမိုးရှင်းကိုလည်း သီချင်းခွေ ထွက်ရှိတဲ့ စက်တင်ဘာ(၁၀)ရက်နေ့တွင် Junction Square Promotion Area မှာ နေ့လည်(၃)နာရီမှ ညနေ(၆)နာရီအထိ ကျင်းပပြုလုပ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ