Local Celebrity: Karaoke World Champion ship ပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ John Skid ဆုရရှိ

KWC Asian Finals 2016 Male Championတွင် ရရှိခဲ့တာ ဖြစ်ပါတယ်။

play

 

KWC Asian Finals 2016 ပြိုင်ပွဲကို မဟာအိုတွင် စက်တင်ဘာလ(၂၉)ရက်နေ့က ကျင်းပခဲ့တဲ့  KWC Asian Finals Male Champion အဖြစ် မြန်မာနိုင်ငံ ကိုယ်စားပြု အနေနဲ့သွားရောက်ယှဉ်ပြိုင်ခဲ့တဲ့  John Skid က ဆုရရှိခဲ့ တယ်လို့ သိရပါတယ်။

play

 

KWC Myanmar Finals 2016 Champions အဖြစ် John Skid နဲ့ စုလှိုင်မျိုးသိန်းတို့ မြန်မာ ကိုယ်စားပြု အဖြစ် မကာအိုသို့ သွားရောက်ယှဉ်ပြိုင်ခဲ့ကြပြီး  KWC Asian 2016 ပြိုင်ပွဲကို အာရှနိုင်ငံ ဆယ်နိုင်ငံမှ ပြိုင်ပွဲဝင်များ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြပါတယ်။

play

 

မြန်မာနိုင်ငံတွင် KWC Myanmar Finals 2016ပြိုင်ပွဲကို သြဂုတ်လက ရန်ကုန်မြို့နဲ့ နေပြည်တော်မြို့များတွင် ကျင်းပခဲ့ပြီး Finals ပြိုင်ပွဲကို ရန်ကုန်မြို့ရှိ Novotel Yangon Max Hotel တွင် သြဂုတ်လ ၂၆ ရက်က ကျင်းပ ခဲ့ကာ  Champion အဖြစ် John Skid နှင့် စုလှိုင်မျိုးသိန်းတို့က ဆုရရှိခဲ့တာ ဖြစ်ပါတယ်။

Source & Photo : Karaoke World Champion ship Myanmar

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ