Local Celebrity: Karaoke World Championships ကို မြန်မာနိုင်ငံမှ အဆိုရှင်နှစ်ဦး သွားရောက်ယှဉ်ပြိုင်မည်

ကမ္ဘာ့အဆင့် သီချင်းဆိုပြိုင်ပွဲ Karaoke World Cham-pionships သို့ သွားရောက်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

play

 

မြန်မာပြည်တစ်ပြည်လုံးမှ အဆိုဝါသနာရှင်တွေကို ဖိတ်ခေါ်ကာ ဆန်ခါတင်အဆင့်ဆင့် ရွေးချယ်ခဲ့ပြီး ယှဉ်ပြိုင်မှု အဆင့်ဆင့် ပြုလုပ်ခဲ့ရာမှ နောက်ဆုံး Karaoke World Championships သို့ သွားရောက်ယှဉ်ပြိုင်ဖို့ အဆိုရှင်နှစ်ဦး ပေါ်ထွက်လို့ လာခဲ့ပါပြီ။

ယခုနှစ်အတွက် Karaoke World Championships ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မယ့် မြန်မာနိုင်ငံမှ အဆိုရှင်နှစ်ဦးမှာ အမျိုးသားအဆိုရှင် John Skid နဲ့ အမျိုးသမီး အဆိုရှင် ဆုလှိုင်မျိုးသိန်းတို့မှ ရွေးချယ်ခြင်း ခံခဲ့ရပါတယ်။

Karaoke World Championships  နောက်ဆုံးအဆင့်ပြိုင်ပွဲကို သြဂုတ်လ(၂၆)ရက်နေ့က ကျင်းပပြုလုပ်ခဲ့ပြီး ယခုလို အဆိုရှင်နှစ်ဦးကို ရွေးချယ်ပေးခဲ့တာလည်း ဖြစ်ပါတယ်။ ရွေးချယ်ခံရတဲ့ အဆိုရှင်နှစ်ဦးက မကာအိုတွင် ပြုလုပ်မယ့် အာရှ အဆင့်သီချင်းဆိုပြိုင်ပွဲနဲ့ ကနေဒါနိုင်ငံတွင် ပြုလုပ်မယ့် ကမ္ဘာ့အဆင့် သီချင်းဆိုပြိုင်ပွဲများသို့ ဆက်လက်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Source & Photo :  7day Daily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ