Karaoke World Championships Myanmar ပြိုင်ပွဲကြီးကို ဒုတိယအကြိမ် ကျင်းပပြုလုပ်တော့မှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒီပြိုင်ပွဲကြီးကို ယှဉ်ပြိုင်ဖို့အတွက် တစ်နိုင်ငံလုံးမှာ ရှိတဲ့ ဂီတဝါသနာရှင်တွေထဲကမှ ပဏာမအနေဖြင့် ၃၂ ဦး ရွေးချယ်ထားတယ်လို့သိရပါတယ်။
Karaoke World Championships Myanmar နောက်ဆုံးပြိုင်ပွဲကြီးကို သြဂုတ်လ(၂၆)ရက်နေ့တွင် နိုဗိုတယ်ဟိုတယ်မှာ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။ ပြိုင်ပွဲဝင်တွေထဲမှာမှ ချန်ပီယံ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီး တစ်ဦးကို ရွေးချယ်မှာ ဖြစ်ပြီး မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် မကာအိုနဲ့ ကနေဒါမှာ သွားရောက်ယှဉ်ပြိုင်ရမှာ ဖြစ်တယ်လို့သိရပါတယ်။
Source : 7day TV