အဆိုတော် ကျားပေါက်ကိုယ်တိုင် ရေးဆွဲထားတဲ့ #KNOT FUNNI ကာတွန်း စာအုပ်လေးကို ငါတို့စာပေက ဖြန့်ချိမှာ ဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီစာအုပ်မှာ မြန်မာဘာသာအပြင် စာမဲ့များနဲ့ အင်္ဂလိပ်ဘာသာနဲ့ဆွဲထားတဲ့ ကာတွန်းတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။

ငယ်ငယ်ကတည်းက ကာတွန်းဆွဲချင်တဲ့ စိတ်ရှိခဲ့ပေမယ့် အဖြစ်လည်း မရှိသလို လူကြီးတွေကလည်း အားမပေးတာကြောင့် ကာတွန်းဘက်ကို မရောက်ခဲ့ပေမယ့် အခုတော့ ကာတွန်းစာအုပ်တစ်အုပ် ထွက်ရှိလာနိုင်ခဲ့ပါပြီ။

play

 

‘‘အင်္ဂလိပ်လို ဒိုင်ယာလော့ခ် တစ်ခု ရယ်ရတယ်ဆိုရင် မြန်မာ လိုပြောင်းရေးရင် မရယ်ရတော့ ပါဘူး။ ကျွန်တော့်စိတ်ထဲမှာ တွေးမိတဲ့ဟာလေးတွေအတိုင်း ချရေး ရင်း တချို့ဟာတွေက အင်္ဂလိပ်လို ဖြစ်သွားတယ်။ တချို့ဟာတွေက ဗမာလိုဖြစ်သွားပါတယ်။ တချို့ ဟာတွေကျတော့ စစဉ်းစားက တည်းက အင်္ဂလိပ်လို ဒိုင်ယာ လော့ခ်နဲ့ပဲ စဉ်းစားတဲ့အတွက် အင်္ဂလိပ်လိုပဲရေးဖြစ်တယ်။ နောက်ပြီးတော့ အင်တာနေရှင် နယ်ကိုလည်း ချပြချင်တာတွေရှိ တာကိုး။ အဲဒါကြောင့်ပါ။ ဒီစာ အုပ်က ဘာမှမရည်ညွှန်းပါဘူး။ ကာတွန်းပဲထွက်ချင်တာပါ’’လို့ သူက 7day Daily ကို ဖြေဆိုပေးထားပါတယ်။

play

 

ကျားပေါက်အတွက် #KNOT FUNNI ကာတွန်း စာအုပ်ဟာ သူထွက်ရှိတဲ့ လေးအုပ်မြောက် စာအုပ်ဖြစ်ပြီး ကာတွန်းအနေနဲ့ ပထမဆုံး ထွက်ရှိတာလည်း ဖြစ်ပါတယ်။

Source & Photo : 7day Daily

Photo  : ကျားပေါက် FB

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video