Local Celebrity: ပြိုင်ပွဲတွေ ဝင်မပြိုင်တော့ဘူးဆိုတဲ့ အလှမယ် Lဘောက်နူး

, updated

အလှမယ်ပြိုင်ပွဲတွေ ဝင်မပြိုင်တော့ဘူးလို့ ဆိုပါတယ်။

play

 

Miss Supranational Myanmar 2015 အလှမယ် L ဘောက်နူးက အလှမယ်ပြိုင်ပွဲတွေ ဝင်ပြိုင်ဖို့ စိတ်ကူး မရှိတော့ဘူးလို့ ဆိုပါတယ်။ သူမအနေနဲ့ ပြိုင်ပွဲတွေ ဝင်မပြိုင်တော့တာဟာ သူမထက်ပိုထူးချွန်တဲ့ ပိုတော်တဲ့ နောက်တက်မယ့် အလှမယ်လေးတွေကို နေရာရစေချင်တာကြောင့် ပြိုင်ပွဲတွေ ဝင်မပြိုင်တော့တာလို့ သိရပါတယ်။

play

 

အလှမယ်ဆုကို အသက်သမျှ တန်ဖိုးထားတဲ့ သူမက ကိုယ့်ကိုကိုယ် Miss Myanmar အဖြစ် တစ်သက်လုံး ခံယူသွားမှာ ဖြစ်ပြီး အသွားအလာ၊ အနေအထိုင် ၊ အပြုအမူတွေအားလုံးကို အလှမယ် တစ်ယောက်လို ပြုမူနေထိုင်သွားမှာ ဖြစ်တယ်လို့ သူမက ပြောပြပါတယ်။

play

 

သူမအနေနဲ့ ပရဟိတအလုပ်များကို ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ပြီး အနုပညာအလုပ်များကိုလည်း လုပ်ဆောင်သွားဖို့ ရှိတယ်လို့သိရပါတယ်။

Source : Popular News

Photo   : L ဘောက်နူး ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ