Local Celebrity: ဂျပန်မှာ ဇာတ်ကားသွားရိုက်နေတဲ့ Lဘောက်နူး

အားလုံးရဲ့ဆန္ဒအတိုင်း မင်းသမီး စလုပ်နေပြီလို့ သူမက ဆိုပါတယ်။

play

 

Miss Golden Land Myanmar 2015 အလှမယ် L ဘောက်နူးကတော့ သရုပ်ဆောင်စလုပ်နေပြီလို့ သိရပါတယ်။ သူမရဲ့  ပရိသတ်တွေအားလုံးရဲ့ ဆန္ဒအတိုင်း မင်းသမီး စလုပ်နေပြီဖြစ်တယ်လို့ သူမရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားပါတယ်။

play

 

အလှမယ် Lဘောက်နူးဟာ Noah Productions ကထုတ်လုပ်ပြီး ဂျပန်နိုင်ငံမှာ သွားရောက်ရိုက်ကူးလျက်ရှိတဲ့ ရုပ်ရှင် ဇာတ်ကားတစ်ကားမှာ အဓိကဇာတ်ကောင်( Main Actress) အဖြစ် သွားရောက်ရိုက်ကူးနေပြီ ဖြစ်တယ်လို့ Miss Golden Land ရဲ့ ဒါရိုက်တာ တစ်ဦး ဖြစ်သူ ကိုဝေယံအောင်က သူ့ရဲ့ ဖေ့စ်ဘွတ်ကနေတစ်ဆင့် ပြောပြလိုက်တာ ဖြစ်ပါတယ်။

play

 

Miss Supranational Myanmar 2015 အလှမယ် ကချင်တိုင်းရင်းသူလေး L Bawk Nu ကို အားလုံးဖြစ်စေချင်နေတဲ့ ဆန္ဒအတိုင်း သရုပ်ဆောင်မင်းသမီးလေး  L ဘောက်နူးအဖြစ် မြင်တွေ့ရမှာဖြစ်ပါတယ်။ ပရိသတ်တွေအားလုံးလည်း သူမရဲ့ အနုပညာလှုပ်ရှားမှုများကို အားပေးကြမယ်လို့ ယုံကြည်ပါတယ်။

Photo :  L ဘောက်နူး ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ