AD
AD
AD

ပဲခူးတန်ဆောင်တိုင်ပွဲမှာ ပရိသတ်တစ်ဦးက သူဝတ်ထားတဲ့ နားကပ်ကို ချွတ်ပြီး Lဆိုင်းဇီကို ဆုချခဲ့တာ ဖြစ်ပါတယ်။ ပရိသတ်ရဲ့ အပြုအမှုကြောင့် L ဆိုင်းဇီ တစ်ယောက် အံ့အားသင့်ခဲ့ရပါတယ်။

အဲ့ဒါနဲ့ ပတ်သက်ပြီးတော့လည်း Lဆိုင်းဇီက သူမရဲ့ ဖေ့စ်ဘွတ်မှာ ယခုလို ရေးသားထားပါတယ်။

play

 

‘‘မနေ့ညက ပဲခူးတန်ဆောင် တိုင်ပွဲသွားဆိုပြီး အပြန်မှာပေါ့ နော်။ ပဲခူးက ပရိသတ်တစ် ယောက်က မဆိုင်းဇီကို ဆုချချင် လို့ဆိုပြီး သူ့နားကပ်အတင်းချွတ် ပေးတယ်။ ဟယ်... ကိုယ်ကလည်း ကြောင်သွားတာပေါ့နော်။ ရတယ် မလိုဘူး ပြန်ဝတ်ထားပါလို့ပြော လည်း အတင်းချွတ်ပေးတယ်။ ပရိသတ်က ချစ်ပြီး တန်ဖိုးထား သလို လက်ခံပြီးယူပေးပါတဲ့။ ဒါ နဲ့ ကိုယ်လည်း သူ့ကို ဖက်နမ်း ပစ်လိုက်တယ်။ ဒါနဲ့ ကိုယ်လဲ သူ့ကို ဖက်နမ်းပလိုက်တယ်..ပြီးဆုတောင်းပေးပြီး....လာ အတူ ဓာတ်ပုံရိုက်ရအောင်...

FB မှာလဲ မှတ်တမ်းတင်မယ်နော် ဆိုပြီး ဓာတ်ပုံခေါ်ရိုက်ချိန် သူ ဒူးပါတုန်တယ်...တကိုယ်လုံး တုန်ပြီး...နောက်နှစ်လဲ လာခဲ့ပါ...အခွေတွေ များများထုတ်ပေးပါ...ဆိုပြီး ပြောလာတယ်...ဟုတ်ကဲ့ ဆိုင်းဇီ ကတိပေးပါတယ်...ခွေတွေ ဆက်တိုက် ထွက်နိုင်အောင်ကြိုးစားပါ့မယ် လို့.....အော် ပရိတ်သတ်ပေးတဲ့ ချစ်ခြင်းမေတ္တာ ကို အမြဲ တန်ဖိုးထားရင်း မှတ်တမ်းတင်လိုက်ပါတယ်....ဆက်လက် ကြိုးစားသွားပါဦးမည်’ ဆိုပြီးတော့ နိုဝင်ဘာ(၄)ရက်နေ့က သူမရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာပါ။

play

 

ပရိသတ်တွေရဲ့ အားပေးမှုကြောင့် အခွေတွေလည်း ဆက်တိုက်ထွက်နိုင်အောင် ကြိုးစားသွားမယ်ဆိုပြီး L ဆိုင်းဇီက ကတိပေးထားပါသေးတယ်။

Lဆိုင်းဇီဟာ "ဝေခွဲမရပါလား" နဲ့ "အစွဲအလမ်းကြီးသူ" တစ်ကိုယ်တော်အခွေ နှစ်ခွေ ထွက်ရှိထားသူလည်း ဖြစ်ပြီး ပရိသတ်အားပေးမှု ရရှိထားသူလည်း ဖြစ်ပါတယ်။

Postby

 

Source : 7day Daily

Photo  : Lဆိုင်းဇီ ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD