Local Celebrity: Laurel Art Academy မှ သရုပ်ဆောင်သင်တန်း အခမဲ့ ဖွင့်လှစ်မယ်

ဒီဇင်ဘာလထဲမှာ ဖွင့်လှစ်မယ်လို့ သိရပါတယ်။

play

 

Laurel Art Academy ရုပ်ရှင်အနုပညာသင်တန်းကျောင်းမှ "ပညာဒါနရုပ်ရှင်သရုပ်ဆောင်သင်တန်း" အပတ်စဉ်(၄)ကို ဒီဇင်ဘာလထဲမှာ အခမဲ့ ဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။

ရုပ်ရှင်သရုပ်ဆောင် သင်တန်းအပတ်စဉ်(၄)ကို တက်ရောက်လိုသူများအနေနဲ့ သင်တန်းလျှောက်လွှာများကို ခြံအမှတ်-၁/၅(စီ) ပုလဲဥယျာဉ်အိမ်ရာ၊ ဆရာစံရပ်ကွက်၊ ဗဟန်းမြို့နယ်၊ ပုလဲကွန်ဒိုဝင်း ရှိ Laurel Art Academy အနုပညာ သင်တန်း ကျောင်းတွင် အခမဲ့ရယူနိုင်တယ်လို့ သိရပါတယ်။

သင်တန်းတက်ရောက်ဖို့အတွက် လျှောက်လွှာများကို နိုဝင်ဘာ(၂၀)ရက်မတိုင်မီ Laurel Art Academy သင်တန်း ကျောင်းသို့ ပြန်လည်ပေးပို့ရမှာ ဖြစ်တယ်လို့ သိရပါတယ်။

Source & Photo : Democracy Today

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ