Local Celebrity: ဒီဇင်ဘာ(၁၅)ရက်နေ့ စတင်ရိုက်ကူးမယ့် Let's Go အစီအစဉ်

တရုတ်နိုင်ငံမှာ သွားရောက်ရိုက်ကူးမှာ ဖြစ်ပါတယ်။

play

 

Myanmar Media 7 က ထုတ်လုပ်ရိုက်ကူးမယ့် Let's Go အစီအစဉ်ကို ဒီတစ်ခေါက်မှာ တရုတ်နိုင်ငံသို့ သွားရောက် ရိုက်ကူးမယ်လို့ သိရပါတယ်။ Let's Go To China ကို ဒီဇင်ဘာ(၁၅)ရက်နေ့ကနေ ဒီဇင်ဘာ(၂၇)ရက်နေ့အထိ တရုတ်နိုင်ငံမှာ သွားရောက်ရိုက်ကူးမှာ ဖြစ်ပါတယ်။ နှစ်စဉ်ရိုက်ကူးလာတဲ့ Let's Go အစီအစဉ်ဟာ ယခုဆိုရင် (၈)ကြိမ်မြောက် ဖြစ်သွားပါပြီ။

 

play

 

Let's Go To China အစီအစဉ်မှာ တရုတ်နိုင်ငံရဲ့ ရိုးရာယဉ်ကျေးမှု ဓလေ့များ၊ အစားအသောက်များ၊ ဝတ်စားဆင် ယင်မှုများ နဲ့ ယဉ်ကျေးမှု အနုပညာလက်ရာများကို ရိုက်ကူးတင်ဆက်သွားမှာ ဖြစ်ပါတယ်။

play

 

Let's Go To China ဒါရိုက်တာ ဝင်းလွင်ထက် ရိုက်ကူးမှာ ဖြစ်ပြီး Let's Go အဖွဲ့သားများ ဖြစ်တဲ့ လွှမ်းပိုင်၊ ဘန်နီဖြိုး၊ ကျော်ထွဋ်ဆွေ၊ Bobby Soxer ၊ နန်းမြတ်ဖြိုးသင်း၊ နန်းသူဇာတို့ ပါဝင်မှာ ဖြစ်ပြီး သရုပ်ဆောင် မင်းသွေး၊ အလင်း​ရာင်၊ ခင်ေ​​လးနွယ်၊ ခင်​၀င့်ဝါ​၊ ၀ို​င်း​လေး တို့လည်း ပါဝင်မယ်လို့ သိရပါတယ်။

Photo : ဝေမင်းမောင် ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ