Local Celebrity: နိုင်နိုင်းမိသားစုရဲ့ ဖေ့စ်ဘွတ် Live ဗီဒီယို ထုတ်လွှင့်ခဲ့

Live ဗီဒီယိုမှာ ပြောပြထားမှုအရ နိုင်နိုင်းမိသားစုက လာမယ့် ဒီဇင်ဘာလမှာ မြန်မာနိုင်ငံကို ပြန်လာကြအုံးမယ်လို့ ဆိုပါတယ်။

သရုပ်ဆောင်နိုင်နိုင်း မိသားစုရဲ့ ဖေ့စ်ဘွတ် Live ဗီဒီယိုကို နိုင်နိုင်းရဲ့ဇနီး စန္ဒီချိုအကောင့်ဖြင့် ထုတ်လွှင့်ခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာ နိုင်နိုင်းမိသားစုက အမေရိကန်မှာ ရောက်ရှိနေထိုင်နေပါတယ်။ Live ဗီဒီယိုမှာ ပြောပြထားမှုအရ နိုင်နိုင်းမိသားစုက လာမယ့် ဒီဇင်ဘာလမှာ မြန်မာနိုင်ငံကို ပြန်လာကြအုံးမယ်လို့ ဆိုပါတယ်။

play


Live ဗီဒီယိုအောက်မှာ ပရိသတ်များက သိချင်တဲ့ မေးခွန်းများ မေးမြန်းမှုတွေလည်း ရှိခဲ့ပါတယ်။ မြန်မာဘာသာဖြင့် မေးမြန်းထားတဲ့ မေးခွန်းတွေကို ဖောင့်အခက်အခဲကြောင့် သေချာ မဖတ်နိုင်ဘဲ ပြန်မဖြေနိုင်တာရှိခဲ့ကြောင်းလည်း နိုင်နိုင်းတို့စုံတွဲက ပြောပါတယ်။

play


နောက်တစ်ကြိမ် Live ဗီဒီယို ထုတ်လွှင့်တဲ့အခါ မြန်မာဖောင့်အဆင်ပြေအောင် လုပ်ထားမယ်လို့ သူတို့စုံတွဲက ဆိုပါတယ်။

Source: စန္ဒီချို ဖေ့စ်ဘွတ် Live

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ