AD
AD
AD

အဆိုတော်ကြီး စိုင်းဆိုင်မောဝ် သေဆုံးပြီဆိုတဲ့ သတင်းတွေဟာ လူမှုကွန်ယက် ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ ပြန့်လို့နေပါတယ်။ ထိုသတင်းနဲ့ ပတ်သက်ပြီး သူ့ရဲ့ ပရိသတ်တွေကလည်း စိတ်မကောင်းဖြစ်လို့နေကြတာကို တွေ့ရပါတယ်။ စိုင်းဆိုင်မောဝ် ရဲ့ ကောလာဟလသတင်းနဲ့ ပတ်သက်ပြီး သတင်းတိကျခိုင်မာဖို့အတွက် Duwun Media ကနေ စိုင်းဆိုင်မောဝ်ရဲ့ အကိုဖြစ်သူထံသို့ ဖုန်းနဲ့ဆက်သွယ်မေးမြန်းဖြစ်ခဲ့ပါတယ်။

play

 

" စိုင်းဆိုင်မောဝ်သေတယ်ဆိုတာမဟုတ်ပါဘူး။ ကောလာဟလတွေပါ။ ကျွန်တော်နဲ့ညနေကမှ စကားတွေ ပြောနေပါသေးတယ်။ ပရိသတ်တွေစိုးရိမ်နေကြတယ်လို့ သိရပါတယ်။ အဲ့သတင်းက အမှန်မဟုတ်ပါဘူး။ "လို့ စိုင်းဆိုင်မောဝ်ရဲ့ အကိုဖြစ်သူက Duwun Media ကို ဖြေဆိုပေးခဲ့ပါတယ်။

Postby

 

ထိုသို့ ဖုန်းနဲ့ ဖြေဆိုပြီး မကြာခင်မှာ စိုင်းဆိုင်မောဝ်ရဲ့ ဖေ့စ်ဘွတ်အကောင့်မှာလည်း စိုင်းဆိုင်မောဝ်ကိုယ်တိုင် Live လွှင့်ပြီး ကောလာဟလတွေနဲ့ ပတ်သက်ကာ ရှင်းလင်းခဲ့ပါတယ်။

"ကျွန်တော့်ရဲ့ မဟုတ်သတင်းတွေနဲ့မကောင်းသတင်းတွေကို ထုတ်လွှင့်နေတဲ့သူကို ကျွန်တော်မသိရပါဘူး။ မဟုတ်မက သတင်းတွေက ကျွန်တော့်ကို မသတ်နိုင်ပါဘူး။ကျွန်တော်အချိန်မီသလောက် အခုလို Live လွှင့်ပြီး ရှင်းပြပါတယ်။ ကျွန်တော်မသေ သေးပါဘူး။ ကျွန်တော်အသက်ရှင်နေပါသေးတယ်။ ဆက်လက်ပြီးတော့  ကျွန်တော့် သီချင်းဆိုအသက်ကို ဆက်ပေးနေတဲ့ ဇနီးမောင်နှံကိုလည်း အထူးကျေးဇူးတင်ပါတယ်။ ကျွန်တော်ချစ်တဲ့ပရိသတ်ကို ကျွန်တော်အထူးပဲ လေးစားလျက်ပါတယ်။ ကျွန်တော်အသက်ရှင်နေတဲ့အချိန်မှာလည်း သီချင်းတွေကို အားနဲ့အင်နဲ့ ပြန်ဆိုပါ့မယ်" လို့ Live  လွှင့်ပြီး ပြောခဲ့ပါတယ်။

play

 

အဆိုတော်ကြီး စိုင်းဆိုင်မောဝ်ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းလောက်က ဘန်ကောက်မှာ ကျောက်ကပ်သွားခွဲခဲ့တယ်လို့ သိရပါတယ်။ခွဲစိတ်မှု အောင်မြင်ပြီးတော့ ယခုလက်ရှိမှာလည်း ကျန်းကျန်းမာမာရှိတယ်လို့ သိရပါတယ်။

စိုင်းဆိုင်မောဝ်အနေနဲ့ ဆေးရုံမတက်ခင်ဆက်ကြားမှာလည်း ပရိသတ်များနဲ့ သူ့ရဲ့ ဖေ့စ်ဘွတ်အကောင့်က တစ်ဆင့်စကား တွေ အပြန်အလှန်ပြောဖြစ်နေသူလည်း ဖြစ်ပါတယ်။ သူနဲ့နာမည်တူ အကောင့်အတုတွေ အများကြီးရှိတာကြောင့် သူသုံးနေတဲ့ အကောင့်ကနေ ပရိသတ်တွေမမှားရလေအောင် သတိပေးခဲ့ပါသေးတယ်။

play

 

ယခုလက်ရှိမှာတော့ သူ့ရဲ့ ကျန်းမာရေး ပြန်လည်ကောင်းမွန်ဖို့အတွက် ပရိသတ်တွေက ဆုတောင်းပေးနေကြပါတယ်။တချိန်က ရှမ်းပဲပုတ် လေးကျွန်တော်၊ တောင်ပြာတန်းကသိတယ်၊မူဆယ်နန့်ခမ်းလမ်း အစရှိတဲ့သီချင်းတွေသာမက အောင်မြင် ကျော်ကြားခဲ့တဲ့ အဆိုတော် စိုင်းဆိုင်မောဝ်ဟာ ပရိသတ်တွေရဲ့ ရင်ထဲမှာ ယခုထက်တိုင် နေရာယူထားနေသူလည်း ဖြစ်ပါတယ်။

Photo : စိုင်းဆိုင်မောဝ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD