AD
AD
AD
play

 

ဖေ့စ်ဘွတ်အကောင့်ပြန်ရသွားတဲ့ ရွှေမှုံရတီဟာ အကောင့်ပြန်ရရချင်း ပရိသတ်တွေနဲ့ Live ပြောခဲ့ပါတယ်။  သူမရဲ့ ဖေ့စ်ဘွတ်အကောင့် ပြန်ရသွားတဲ့အတွက် ပရိသတ်တွေလည်း ဝမ်းသာလို့နေပါတယ်။

သူမအကောင့်ကို Security Check in လုပ်ပေးရင်းနဲ့ မထင်မှတ်ပဲ အကောင့် Lock ကျသွားတာကြောင့် အကောင့်ပြန်ပေးဖို့ ကြန့်ကြာနေ တာ လို့ သိရပါတယ်။

play

 

ရွှေမှုံရတီဟာ Followers (၇၅)သိန်းကျော် ရှိတဲ့ သူမရဲ့ အကောင့်ပြန်မရခင်တုန်းက ပရိသတ်တွေအတွက် သူမနာမည်နဲ့ အကောင့်အသစ် တစ်ခု ဖွင့်ခဲ့ပါသေးတယ်။ အခုတော့ သူမရဲ့ အကောင့် ပြန်ရသွားတဲ့အတွက် ပရိသတ်တွေလည်း ပျော်လို့နေပါတယ်။

သူမရဲ့ ပရိသတ်တွေကြောင့် ဖေ့စ်ဘွတ်ကို သုံးဖြစ်နေတာဖြစ်ပြီး သူမဖေ့စ်ဘွတ်အကောင့်ဟက်ခံရတာနဲ့ ပတ်သက်ပြီးတော့လည်း Duwun Media ကို ယခုလို ပြောပြခဲ့ပါတယ်။

'' အကောင့် ဟက်သွားတာလားဆိုတော့ ဟုတ်တယ်၊ တစ်ခုပဲ ညီမကလေ အဲ့ဒီဟာတွေကို သိပ်လည်း နားမလည်သလို သိပ်လည်း စိတ်မဝင်စားတာပါတယ်။ ညီမပြောဖူးပါတယ် ဒီဖေ့စ်ဘွတ်သုံးတယ်ဆိုတာ We Love တွေကြောင့်သုံးဖြစ်တာပါ။ သုံးရင်း သုံးရင်းနဲ့ Follower တွေတက်လာတယ်၊ Like တွေများလာတယ် ဒါပါပဲ။ ညီမပြောချင်တာကလေ ညီမအတွက် ဖေ့စ်ဘွတ်က ဘဝတစ်ခုမဟုတ်ဘူး။ ဖေ့စ်ဘွတ်က လုံးဝဘဝတစ်ခု မဟုတ်တဲ့အခါကျတော့ ဟက်တော့လည်း ဟက်တယ်ပေါ့နော်။ နောက်တစ်ခု ထပ်ဖွင့်ရမှာပေါ့။ ဘာလုပ်လို့ရမှာလဲ ညီမလည်း မတတ်နိုင်ဘူးလေ''ဆိုပြီးတော့ ရွှေမှုံရတီက ပြောပါတယ်။

play

ရွှေမှုံက လက်ရှိမှာ ဘန်ကောက်ကို ရောက်နေတယ်လို့ သိရပါတယ်။ ဘန်ကောက် ရောက်နေရင်းပရိသတ်တွေနဲ့ Live လွှင့်ပြီး စကားပြောခဲ့သလို သူငယ်ချင်းတစ်ယောက်ရဲ့ မွေးနေ့ Surprise ကြောင့် ပျော်ရွှင်နေတာတွေကိုလည်း ပရိသတ်တွေကို မျှဝေပေးခဲ့ပါတယ်။

၂၀၁၈ ခုနှစ် မေလ(၁၆)ရက်နေ့ကမှ အသက်(၂၀)ပြည့်သွားတဲ့ ရွှေမှုံရတီဟာ မကြာခင်မှာ အဆိုတော်ရွှေထူးနဲ့ အတူ ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ဖို့ ရှိတယ်လို့ သိရပါတယ်။

play

 

အသက် ၁၃ နှစ်အရွယ်နဲ့ သရုပ်ဆောင်မင်းသမီးတစ်ယောက်ဖြစ်လာတဲ့ ရွှေမှုန်ရတီဟာ ငယ်ရွယ်သေးပေမဲ့ အရမ်းကို ရင့်ကျက်တဲ့ မိန်းကလေးတစ်ယောက်ပါ။ထူးခြားတဲ့ ဟန်ပန်၊ ဆန်းသစ်တဲ့ ဝတ်ဆင်မှုတွေကြောင့် ဝေဖန်မှုများစွာ ခံရပေမဲ့ ကိုယ်လုပ်စရာရှိတာကို ယုံကြည်မှုရှိရှိနဲ့ လုပ်ဆောင်နေတဲ့ သူလည်း ဖြစ်ပါတယ်။

အနုပညာပျိုးခင်း (၁) ရဲ့ စင်တင်မင်းသမီးတစ်လက်ဖြစ်တဲ့ ရွှေမှုံရတီဟာ အနုပညာလောကကို စတင်ဝင်ရောက်ခဲ့တဲ့ လွန်ခဲ့တဲ့ ၆ နှစ်ကျော်ကတည်းက သရုပ်ဆောင်ကောင်းသူအဖြစ် နာမည်ရလာသူဖြစ်ပြီး လက်ရှိမှာလည်း ထိပ်တန်းမင်းသမီးတစ်လက်အဖြစ် ရပ်တည်နေပါတယ်။

Photo : ရွှေမှုံရတီ

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD