Local Celebrity: Live Show လုပ်ဖို့ ပြင်ဆင်နေတဲ့ ရန်အောင်

သင်္ကြန်မတိုင်ခင် ကျင်းပနိုင်အောင် ပြင်ဆင်နေတယ်လို့သိရပါတယ်။

play

 

ဒီနှစ် ဒီဇင်ဘာလမှာ အသက်(၅၀)ပြည့်တော့မယ့် စွယ်စုံရ အနုပညာရှင်တစ်ဦး ဖြစ်တဲ့ ရန်အောင်က သူရဲ့ Live Show ကို ထပ်လုပ်နိုင်အောင် ပြင်ဆင်နေတယ်လို့ သိရပါတယ်။ မွေးနေ့ပွဲမှာ Live Show ကို ကျင်းပနိုင်အောင် ပြင်ဆင်နေပေမယ့်လည်း လိုအပ်ချက်လေးတွေ ရှိတာကြောင့် သင်္ကြန်မတိုင်ခင်မှာ ကျင်းပနိုင်အောင် ပြင်ဆင်နေတယ်လို့ သိရပါတယ်။

play

 

အဆိုတော် ရန်အောင်ဟာ သရုပ်ဆောင်ဘက်မှာသာမက ဂီတဘက်မှာလည်း အောင်မြင်ကျော်ကြားတဲ့ အဆိုရှင် တစ်ယောက် ဖြစ်ပါတယ်။ ဒီတစ်ခါလုပ်မယ့် Live Show ကိုလည်း အရင်က ပြုလုပ်ဖူးတဲ့ " ရန်အောင်နဲ့ သူ၏ချစ်သူများ" စီးရီး၊ "ရန်အောင်နဲ့ သူ၏နတ်သမီး"များ Live Show များထက် ကျော်လွန်အောင် (သို့ ) Level လိုက်နိုင်အောင် လုပ်မယ်လို့ စဉ်းစားပြီး အကောင်းဆုံး ဖြစ်အာင် စီစဉ်နေတယ်လို့ ပေါ်ပြူလာဂျာနယ် အင်တာဗျူးတွင် ဖြေထားပါတယ်။

Source : Popular News

Photo  : ရန်အောင် ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ