Local Celebrity: အောက်တိုဘာ(၁၅)ရက်နေ့မှာ ပြုလုပ်မယ့် ပိုးအိစံရဲ့ Live Show

လက်မှတ်များကိုလည်း စတင်ဝယ်ယူလို့ရပြီလို့ သိရပါတယ်။

play

 

အောက်တိုဘာလ(၁၅)ရက်နေ့တွင် ပြုလုပ်မယ့် ပိုးအိစံရဲ့ "မွေးဖွားခြင်း နှစ်(၂၀)ပြည့် Live Show " ပွဲကို  ရန်ကုန်မြို့ ၊ မြို့မကျောင်းလမ်းရှိ အမျိုးသားကဇာတ်ရုံမှာ ညနေ(၆)နာရီက စတင်လို့  ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။

play

 

ဖျော်ဖြေပွဲအတွက်ကိုလည်း သီချင်းတွေ  သြဂုတ်လလည်လောက်ကတည်းက စတင်တိုက်နေတာဖြစ်ပါတယ်။

အဲ့ဒီရှိုးပွဲတွင် သီချင်းပေါင်း (၃၀)လောက် သီဆိုမှာဖြစ်သလို သူမရဲ့ အောင်မြင်ခဲ့တဲ့ သီချင်းတွေဖျော်ဖြေမှာ ဖြစ်ပြီး စာရေးဆရာတင်မောင်လှိုင်ရေးသားထားတဲ့ သီချင်းသစ် (၃) ပုဒ်ကိုလည်း ထည့်သွင်းသီဆိုသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

play

 

သူမရဲ့ "မွေးဖွားခြင်း နှစ်(၂၀)ပြည့် Live Show " လက်မှတ်များကိုလည်း အောက်တိုဘာ(၁)ရက်နေ့က စတင်ကာ မန်းသီရိတေးသံသွင်းတွင် ဝယ်ယူနိုင်ပြီ ဖြစ်ပြီး လက်မှတ်ဈေးနှုန်းများကတော့ ကျပ်၃၀၀၀၀၊ ကျပ် ၂၀၀၀၀၊ ကျပ် ၁၀၀၀၀ ဆိုပြီး သတ်မှတ်ထားပါတယ်။

Photo : ပိုးအိစံ ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ